"ဖေဖေ ကျွန်တော် အိမ်ပြန်လာနေမလို့ ဒီကနေပဲ ဒရိုင်ဘာနဲ့ကျောင်းပြန်
တတ်တော့မယ်"မနက်စာထမင်းဝိုင်းတွင်ဖေဖေ့အား
ပြောလိုက်သည်.မနေ့ကအိမ်ကိုစာအုပ်
လာယူရင်း မိုးတွေရွာနေတာကြောင့် တိုက်ခန်းမပြန်ဖြစ်ခဲ့."ဘာလို့လဲသား..တိုက်ခန်းကအဆင် မပြေဘူးလား."
"မဟုတ်ပါဘူးဖေဖေ"
"Chanyeolနဲ့အဆင်မပြေလို့လား ဒါဆို"
ဖေဖေ့၏ မေးခွန်းကြောင့် ဘေးတွင်
ရပ်နေသော ဦးလေးParkကိုအား
နာရသည်မှန်သော်လဲဖေဖေ့၏မေးခွန်း
ကို အင်း လို့ဖြေချလိုက်ချင်သည်...
ParkChanyeolကြောင့်အရာရာအဆင်မပြေနိုင်ခဲ့..PackChanyeolဆီ
သို့ ရက်သတ္တပတ်တိုင်းလိုလိုအလည်
လာတတ်တဲ့ Byunကိုလဲမကြည်ဖြူ
နိုင်ခဲ့.ညီအစ်ကို ဆက်ဆံရေးဟုbyun
ကအာမခံထားသော်လဲ ကားပါကင်က
အဖြစ်အပျက်ကြောင့် မယုံကြည်နိုင်ခဲ့.
သုံးယောက်သားထမင်းစားချိန်တွင်
byunအားငါးအရိုးဖယ်ပေးပါသော
Chanyeolအား မရှုစိမ့်နိုင်ခဲ့.Byun Baek Hyunအားစိတ်လိုလက်ရစာ
ရှင်းပြနေသောသူ့ကြောင့်အဆင်မပြေခဲ့
.ဘယ်လိုလုပ်ရက်ရပါသနည်းသူ့အားချစ်ကြိုက်နေသည်ကိုသိပါရက်ဘာ
ကြောင့်ဒီလိုလုပ်ပြနေနိုင်ပါသနည်း.သို့
သော်လက်တွေ့တွင်ပြန်ပြောဖြစ်က"အာ...မဟုတ်ပါဘူးဖေဖေရဲ့ကျွန်တော်
လဲစာလိုက်နိုင်နေပြီဆိုတော့ စာမေးပွဲလဲနီးပြီလေ အိမ်မှာပဲအေးအေးဆေး ဆေးစာကျက်ချင်လို့ ""သားသဘောလေ ဒါဆိုလဲ ဖေဖေလဲ
မပျင်းတော့ဘူးပေါ့ သားပြန်လာနေ
တော့""ဟုတ်ကဲ့ဖေဖေ"
"ဒါနဲ့Chanyeolရောဒီကိုပြန်ပြောင်း
လာမှာလား""သူ............ပြန်လာချင်မယ်......
မ....ထင်....ဘူးဖေဖေ..ဒါနဲ့ သားစား
ပြီးပြီဖေဖေ တိုက်ခန်းပြန်ပြီးအဝတ်
တွေပြန်ယူလိုက်ဦးမယ်..""အေး....ကားယူသွားလိုက်နော်."
Ph ring,,
"ခဏနော် ဖေဖေ"
ဖေဖေ့အားခွင့်တောင်းကာ ခြံဝင်းထဲသို့
ဆင်းလာခဲ့သည်."ပြော Sehun "

YOU ARE READING
Spike
Randomကိုယ်တိုင်က ဆူးတစ်ချောင်းကိုယုယုယယ ဆုပ်ကိုင် ထားချင်တာမျိုး ထိုဆူးဟာ ကိုယ့်ရင်ကို ဖောက်ခွင်းမယ်ဆိုရင်တောင်မှ...