"အဲ့တော့ Wu Yifanကမင်းဖုန်းကိုလုံးဝမကိုင်တော့ဘူးလား"
"အင်း"
"ဒါတော့ သူသပ်သပ်လူပါးဝတာကွ
အဲ့လိုပဲ မက်ဆေ့တစ်ကြောင်းနဲ့ အဆက်ဖြတ်လို့ရလား.မင်းကရော သူ့ကုမ္ပဏီ
ကိုသွားမကြည့်ဘူးလား ဒီတစ်ပတ်လုံး""ဗိုလ်ကြီးက ခွင့်မပေးဘူးလေ.ဒီနေ့မှ
ခွင့်ရတာ ""စစ်တပ်ဆိုလို့ အဲ့ဒီ့Chanyeolကရော
ဘာဖြစ်ချင်နေတာလဲ ၈နှစ်ကြာမှ""ငါတဂယ်မသိတော့ဘူး LeeShinရယ်
ပင်ပန်းနေပြီ....Chanyeolနဲ့ ပတ်သတ်
ပြီး ပြတ်သားနေခဲ့ပြီထင်တာ.ငါYifan
Ge ကိုထပ်တွေ့တော့ ငါ့ရဲ့အစော်ကားခံ
လိုက်ရတဲ့အချစ်တွေ ပြန်ရှင်သန်လာပြီလို့ငါထင်ခဲ့တာ. ငါအခြေတကျလေးဖြစ်
ဖို့ မဝေးတော့တဲ့အခြေအနေရောက်မှကွာ...."Kyungsooကတိုးတိုးလျလျလေးပြောရင်း ဘေးကသကြားခွက်ကိုယူပြီး သူ့ကော်ဖီခွက်ထဲ လောင်းချလိုက်တယ်...
Kyungsooဟာ ဘယ်တုန်းကမှကော်ဖီ
ကိုသကြားထည့်တာကြိုက်တဲ့လူမဟုတ်
ခဲ့ဘူး တချိန်က Kyungsooနဲ့Byunတို့
ရဲ့ခင်မင်မှုကို အားကျခဲ့ဖူးတဲ့LeeShin
ဟာ KyungSooရဲ့ စိတ်ရှုပ်မှုကို ကိုယ်
ချင်းစာ စွာနားထောင်အားပေးနေတယ်.
မိန်းမနဲ့ယောကျာင်္း နှစ်ယောက်ကြားက တစ်သက်စာဆိုတဲ့ကတိကဝတ်တွေကိုမယုံကြည်တဲ့ LeeShinဟာ သူ့ရှေ့က
ယောကျာင်္းနှစ်ယောက်ကြား ဗျာဗျားနေရတဲ့ သူ့ သူငယ်ချင်းကိုကြည့်ပြီး ချစ်ရေး
ချစ်ရာကိုစိတ်ကုန်နေပြီ.ဒါပေမဲ့သူဟာ သူငယ်ချင်းကောင်းဆန်စွာပဲ နှစ်သိမ့်မှု
တော့ လုပ်ပေးနေဆဲ.."Kyungsoo ya ငါတဂယ်သိချင်လို့
နော်.ငါ့ကိုစိတ်မဆိုးပါနဲ့..""....."
Kyungsooဟာမျက်နှာဝိုင်းဝိုင်းဆံပင်
ငုတ်စိ ကလေးနဲ့ ဖျော့ဖျော့လေး. သူ့ကို ပြုံးပြတယ် မေးလေ ဆိုတဲ့အပြုံးမျိုး...."မင်းတဂယ်စိတ်ထဲရှိတာဘယ်သူလဲ "
"...."
တော်တော်တိတ်ဆိတ်နေတဲ့Kyungsoo
ဟာ လူသေလိုကို ဖြစ်သွားတယ် အသက်တောင်ရှိသေးရဲ့လား...."ဖြေလေကွာ..ဒါမှ ငါကူညီစရာရှိလဲကူညီမှာပေါ့ "
အမှန်ဆိုLeeShin ဟာဘာဖြစ်ဖြစ် ဖြစ်ချင်ရာသာဖြစ်တော့ဆိုပြီး KyungSoo ကို Chanyeol လက်ထဲသာထိုးထည့်လိုက်ချင်သည်.ကျောင်းတတ်နေတဲ့အချိန်တုန်းက Sehunနဲ့ Chanyeol ရန်ဖြစ်ရင်း ပြောတဲ့စကားတွေကိုသူမှတ်မိနေ
သည်မလား ...
YOU ARE READING
Spike
Randomကိုယ်တိုင်က ဆူးတစ်ချောင်းကိုယုယုယယ ဆုပ်ကိုင် ထားချင်တာမျိုး ထိုဆူးဟာ ကိုယ့်ရင်ကို ဖောက်ခွင်းမယ်ဆိုရင်တောင်မှ...