"လုပ်ထား Kyungsooပြေးထား
ပစ်ဒဏ်ချိန်ပြီးဖို့နာရီဝက်ပဲလိုတော့
တယ်"စစ်ရေးပြကွင်း အလယ်က လှမ်း
အော်နေသော အကြီးအကဲကိုလှမ်း
ကြည့်လိုက်ပြီး ပထမဆုံးအနေနဲ့ အပေါင်းအသင်းမှားပြီဟုတွေးနေမိ
သည်။Chanyeolစရောက်လာပြီး
နောက်တနေ့မနက်တည်းက နေ့စဉ်
နေ့တိုင်း ပြေးနေရတဲ့မနက်ခင်း၃နာ
ရီပြစ်ဒဏ်က တစ်ပတ်ပင်ရှိခဲ့ပြီ.သူ့ခြေထောက်တွေဆို အနာတွေပါစဖြစ်
နေပြီ တဂယ်ကိုနာနာကျင်ကျင်ပဲ..
.ပြေးရင်းပင် ခြေသလုံးကအားအင်တို့က ချိနဲ့လာပြီး အရှိန်ပင်သေနေပြီ.မရတော့ဘူး.."အ့....."
မြက်ခင်းပေါ်သို့သာပစ်လှဲချလိုက်
သည်..ကွင်းအလယ်ကနေ ပြေးလမ်းဆီသို့ အပြေးတပိုင်းလာနေသော
အကြီးအကဲ လက်ထဲမှာလဲ ရေဗူးသယ်လာသေးသည်.ထို့နောက် အသ
ပြဲပြဲပြာပြာကြီးနှင့်.."Kyung Soo ya....အဆင်ပြေရဲ့လား."
လက်ရှိအခြေအနေအရ ကျွန်တော်လုံးဝအဆင်မပြေကြောင်းပင်
ပါးစပ်ကဖွင့်ဟမပြောနိုင်လောက်
အောင်ပင် အဆင်မပြေဖြစ်နေသည်."KyungSooမင်းက ယောကျာင်္းပဲ
ယောကျာင်္းတောင်မှ လူရာချီတဲ့စစ်
တပ်ထဲမှာ စံပြစစ်သားဖြစ်နေတဲ့
ယောကျာင်္း.. မင်းအားတင်းရမယ်. မင်းဟိုကောင်နဲ့တခန်းထဲမနေနဲ့ကြားလား ငါအဲ့ကောင်ကိုကြည့်မရဘူး.
မင်းလဲကြည့်မရနဲ့ အဲ့ဒီကောင်ကို""...."
အကြီးအကဲ၏အားပေးအားမြှောက်
အမိန့်ဖြင့် ဗိုလ်မှူးအမိန့်ကိုဖီဆန်ပြီး
အဲ့နေ့ညက အိပ်ယာကိုပြောင်းရွေ့ခဲ့
သည်မလား.မနက်လင်းလင်းချင်း ဗိုလ်မှူးကသိသွားလို့် တစ်ပတ်တိတိ
ပြစ်ဒဏ်ခံနေရတာ.သူတဂယ်ဒီ
ပြေးတဲ့ဒဏ်ကို မခံနိုင်ပါ.နောက်ဆုံးတော့သူခိုင်မာစွာပင် ဆုံးဖြတ်လိုက်တော့သည်...........
တံခါးလက်ကိုင်ကို ကိုင်ထားရင်း
ဖွင့်ပြီး ဝင်သင့်မဝင်သင့် သူစဉ်းစား
နေတာ အတန်ပင်ကြာနေပြီ.သူမနက်ခင်းတိုင်း ပြေးနေရတာကို
မလုပ်ချင် မလုပ်ချင်တာမဟုတ်ဘူး သူမခံနိုင်တာ တစ်သက်လုံးခပ်ကျော့ကျော့လေး ကြီးပြင်းလာပြီး
ဒီလိုပြင်းထန်တာတွေ သူခန္တာကိုယ်သေးသေးလေးက တကယ်မခံ
နိုင်ဘူး.ဒါဆိုသူ Chanyeolနဲ့ရော
တစ်ခန်းထဲနေနိုင်လား? သူဒါကိုတော့ သေသေချာချာမသိဘူး.အရင်
ကလဲတစ်အိမ်တည်းနေခဲ့ဖူးတာပဲ ဟုသူ့ကိုသူပြန်ပြောတယ်..မသိတော့ဘူး ဘာပဲ ဖြစ်ဖြစ်တော့ သူ Chanyeolနဲ့ တစ်ခန်းထည်းနေ
ရတော့မယ်.သူခပ်တိုးတိုးနဲ့ ပါးစပ်ကရေရွတ်ရင်း အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ အခန်းက
အမှောင်အတိ ..နည်းနည်းတော့ နေသာထိုင်သာရှိသွားပြီ.မှောင်နေတော့ မျက်နှာချင်းဆုံစရာသိပ်မလိုတော့ဘူးလေ..မနက်ခင်းသူစောစောထထွက်သွားလို့ဖြစ်တာပဲ..သူပါးစပ်ကတော့ တစ်စုံတခုကိုသာထပ်တလဲလဲရေရွတ်နေသည်.
YOU ARE READING
Spike
Randomကိုယ်တိုင်က ဆူးတစ်ချောင်းကိုယုယုယယ ဆုပ်ကိုင် ထားချင်တာမျိုး ထိုဆူးဟာ ကိုယ့်ရင်ကို ဖောက်ခွင်းမယ်ဆိုရင်တောင်မှ...