Ep~1

3K 110 0
                                    

"Stay With Me .....My Soul " ( Dika + Chanbaek)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Ep ~ 1

(Dika)

Seoul မြို့ရဲ့တစ်နေရာ...ဧက ၂၀ လောက်ရှိတဲ့ ခြံဝန်းကျယ်ကြီးထဲက ကုန်းမြင့်ထက်မှာ ဝင့်ကြွားစွာ တည်ရှိနေသော " Diamond " စံအိမ်တော်ကြီး....

တကယ်တော့ " Diamond " စံအိမ်ဆိုတာ Seoul မြို့တော်ဝန် Tao ရဲ့ သား " Do Kyung Soo " တစ်ယောက်တည်း အခိုင်းအစေတွေနဲ့ နေတဲ့ စံအိမ်ကြီးပါ....

စိတ်ဒဏ်ရာတွေ ပြည့်နှက်နေတဲ့  ဘဝကို ဆယ်စုနှစ် တစ်ခုကျော်လောက်.ခံစားပြီးနောက်မှာ...ကံကြမ္မာက Do Kyaung Soo ကို ခက်ထန်တဲ့ သူအဖြစ် တွန်းပို့ခဲ့ပါတယ်...

Flashbacks ⏪⏪⏪⏪⏪⏪

ကျနော့ နာမည် Do Kyaung Soo....Appa ကတော့ ကျနော့ကို D.O.  လို့ nickname လေးပေးထားတယ်...
Omma ဆုံးပြီး..လေးလပဲရှိသေးတယ်....ကျနော် 12 နှစ်သားမှာ Appa က နောက်မိန်းမ တစ်ယောက်ထပ်ယူခဲ့တယ်....
သူမနာမည်က....Wuri Fan...

ကျနော်ထင်တာက ကျနော့အတွက် အမေအစားရပြီပေါ့...
ဒါပေမယ့် အထင်နဲ့အမြင် တက်တက်စင်လွဲခဲ့တယ်...သူက ကျနော့အတွက် တကယ်နတ်ဆိုးပါ..

Appa မရှိတဲ့အချိန်ဆို ကျနော့ကို တစ်အိမ်လုံးအလုပ်တွေ လုပ်ခိုင်းတယ်....
သူခိုင်းလို့ အားရသွားရင် သူ့သားကခိုင်းတယ်...

ပြောဖို့မေ့သွားလို့....သူ့မှာသားတစ်ယောက်ပါတယ်...ကျနော့ထက်တော့ငယ်တယ်...သူ့နာမည်က....Byun Baekhyun...
အဲ့ကောင်လေးက တကယ်စွာတေးလန်...
တစ်ခုခု မကျေနပ်ရင် အာပြဲကြီးနဲ့ ထ ထ အော်တတ်သေးတာ...
ဒါကို သူ့အမေကြားရင် ကျနော့ကို သူ့သား စိတ်အလိုမကျအောင် လုပ်ရမလားဆိုပြီး...ကြိုးတုပ်ပြီး ကျနော့ကျောပြင် နုနုလေးကို သွေးပေါက်အောင်အထိ ခါးပတ်နဲ့ရိုက်တာ....

Appa က မြို့တော်ဝန်ဆိုတော့....အားတယ်သိပ်မရှိဘူးလေ....အိမ်လည်းသိပ်မကပ်ဘူး...သူ့ တိုင်းရေးပြည်ရေးတွေနဲ့ အလုပ်ရှုပ်နေတတ်တယ်...
အဲ့တာကို အခွင့်ကောင်းယူတဲ့ Wuri Fan က အိမ်မှာ လောင်းကစားဝိုင်းတွေ လုပ်လာတယ်...
ကျနော်က သူတို့စားဖို့ အစားအသောက်တွေ လုပ်ပေးရတယ်...
အလိုမကျရင် သူမက ကျနော့မျက်နှာကို ရေနွေးပူတွေနဲ့ ပက်တတ်သေးတယ်....

" Stay With Me....My Soul "Where stories live. Discover now