အပိုင်း - ၁၅

1.4K 170 34
                                    

// Zawgyi //

ဟိုအရင်နေ့တွေနဲ့မပြောင်းလဲစွာ ..
မေမေ့ရဲ့ နှစ်ပတ်လည်နေ့ဆို .. ဘီယာဘူးကိုင်ကာ
ခြေဦးတည့်ရာသွားတတ်သည် ..
စိတ်ထွက်ပေါက်အနေဖြင့် ..

နေမင်းကြီး ဝင်လုဆဲအချိန်တွင် ..
တစ်ဝုန်းဝုန်းလှိုင်းခတ်သွားနေသော မြစ်အားငေးကြည့်ရင်း

" ဘာလို့ကတိမတည်တာလဲ မေမေ .. "

<< သားရေ..!! အရမ်းမပြေးနဲ့နော် ထိခိုက်မယ် >>

ယခုပင် အိုနွမ်းက အမြစ်တွေရင့်မာစွာ ပင်စည်အားတွယ်တတ်နေသော သစ်ပင်အိုကြီးသည်..

ထိုအချိန်တုန်းက ရွက်နုများပေါက်ကာစ
စိမ်းလန်းစိုပြေ လှသည့် စိန်ပန်းပင်ကြီးတစ်ပင်ဖြစ်ခဲ့သည်..

သစ်ပင်အောက်က မသေးမကြီးလွန်းသော ဖျာပေါ်တွင် ..
ဟင်းချိုင့်မျိုးစုံနှင့် အတူ .. ဘောလုံးကန်နေသောကလေးငယ်အား ပြုံးကာငေးကြည့်နေသည့် မိန်းကလေးတစ်ဦးရှိသည် ..။

နက်မှောင်သော ဆံနွယ်အဖြောင့်တို့က ခါးအကျော်တွင်လွန်စင်းကာ.. မြန်မာဝတ်စုံလေးနှင့်သူမသည်.. ကလေးအမေဟုထင်ရက်စရာမရှိ..

<< လင်္ကာ.. လာပါဦးသားရဲ့..၊မုန့်လေးစားရင်းဆော့လေ>>

ချိုသာလှသော အသံနှင့် ထိုအမျိုးသမီးငယ်သည်..
မည်မျှပင် အခက်အခဲရှိသောဘဝဖြစ်စေကာမူ..
ပြုံးမြဲ ပြုံးလျက်..

<< ဟော.. ဟိုမှာ သားဖေကြီးပြန်လာပြီ >>

အဝေးမှာ ပူဖောင်းအနီရဲလေးအား .. ကိုင်ကာ
ထိုသားအမိဆီဦးတည်လာသူသည်

အဝတ်အဟောင်းအနွမ်းဖြစ်သော်ငြားလည်း
မျက်နှာမှာကြည်လင်လျက်..

<< ဖေ့သားကြီး.. သားသားအတွက် ဖေကြီးဝယ်လာတာ>>

အနီရဲရဲ ပူဖောင်းလေးအား.. ကလေးငယ်လက်အတွင်းထိုးထည့်ပေးလိုက်သည်။

" အဲ့တာကြောင့် .. ဖေကြီးကိုချစ်တာ!! "

အနီရောင်အားနှစ်သက်သူဖြစ်သည့်အလျောက်..
ထိုကလေးငယ်သည်.. မြေတွင်လှိမ့်ကန်လျက်ရှိသော
ဘောလုံးကိုပင်စွန့်ပစ်ကာ..

_Y_ [ ဝိုင် ] Nơi câu chuyện tồn tại. Hãy khám phá bây giờ