အပိုင်း( ၂ )

3.7K 260 12
                                    

// Zawgyi //

မိုးစက်များတစ်ဖွဲဖွဲကျနေသည့် မနက်ခင်းတွင်..သိက္ခာတစ်ယောက် ဖိုင်တစ်ဘက်၊ ထီးတစ်ဘက်၊ လျှောချနေတဲ့ လွယ်အိတ်ကတစ်ဘက်..၊ ရေစိုသွားလို့..နဖူးမှာကပ်ပြီး ရေတစ်စက်စက်ကျနေတဲ့ဆံပင်ကတစ်ဘက်နှင့်..၊

ပြောရလျှင် ကို့ယို့ကားယား..၊ ထိုကြားထဲတိုးစီးရသည့်..ဘက်စ်ကားက အဲကွန်းကိုစေတနာပိုစွာ အမြင့်ဆုံးထားပေးထားတာကြောင့်..ဟက်ချိုး"*နှင့် လမ်းလျှောက်လို့ပင်မရသည့်အထိ..

** ဘုတ် **

မူးလဲချင်နေသည့် သိက္ခာကို..၊ ဝင်ဆောင့်လိုက်သည့်..မာတင်းသော ရင်ခွင်ကြောင့်..၊ စာအုပ်များလွတ်ကျသွားကာ..၊ မြေပြင်ပေါ်သို့ပက်လက်လန်ကျသွားသည်..။

"ဟာကွာ!!! အကုန်သွားပါပြီ.."

ရွှံတွေအနည်းငယ်ပေသွားတဲ့ ဘောင်းဘီအမဲရောင်half pan ကို ဘယ်ပြန်ညာပြန်ခါလိုက်ရင်း..၊ ချက်ချင်းမထပဲ..တိုက်ချလိုက်သည်သူကိုမော့ကြည့်လိုက်တော့..

အသားဖြူဖြူ..၊ နားတစ်ဖက်မှာ နားကပ်နှစ်ခုနှင့်..၊ ပါးစပ်ကပီကေကို အားရပါးရဝါးနေသည့်..၊ စပျစ်ရောင်ဆံပင်ပိုင်ရှင် လူက သူ့ကိုမျက်မှောင်ကျုံ့ကာ..၊ ကြည့်နေရင်း..သူရှေ့မှာဆောင့်ကြောင့်ထိုင်လိုက်ပြီး..

"အ ဆင် ပြေ လား ?"

တစ်လုံးချင်းစီ လေးလေးပင်ပင်ပြောတဲ့ထိုလူ့ကို သိက္ခာ မျက်မှောင်ကျုံ့ကာကြည့်ရင်း..အောက်နှုတ်ခမ်းကို ခပ်နာနာကိုက်လိုက်တာ ဟောက်မလို့ပြင်တုန်း..

"မပြေလည်း မတတ်နိုင်ဘူး..၊ မင်းမမြင်လို့ဖြစ်တာ "

ရုတ်တရတ် မတ်တပ်ပြန်ရပ်ပြီး ပြောလိုက်တဲ့ ဘုဂလန့်စကားကြောင့် ၊ သိက္ခာခဏကြောင်သွားသည်..။

သူသတိဝင်တဲ့အချိန်မှာတော့..၊ ဟိုလူကဘယ်ရောက်မှန်းမသိ..လမ်းမမှာ ခြေကားယားလက်ကားသူနှင့် သူ့စာအုပ်များကိုဝိုင်းကြည့်နေကြသည့် ဖြတ်သွားဖြတ်လူများသာ..၊

"သိက္ခာ!!!"

နောက်ကအသည်းအသန်ပြေးလာသည့် တိမ်လွှာကို သူအရှက်ပြေအားကိုးတစ်ကြီးကြည့်ကာ..၊ ဝေ့တတ်ချင်နေသောမျက်ရည်စတွေနဲ့ မျက်ဝန်းကိုလက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းပွတ်လိုက်သည်..။

_Y_ [ ဝိုင် ] Où les histoires vivent. Découvrez maintenant