အပိုင်း - ၁၇

1.7K 136 12
                                    

// Zawgyi //

ဆောင်းရာသီ အေးစက်စက်ဒဏ်အား .. ပြတင်းပေါက်မှတစ်ဆင့် ခံစားမိသည်..။

လက်ကိုသူ၏ စွပ်ကျယ်နှင့်အမြန်စည်းပေးသွားသော
သွေးစွန်းနေသည့်ဒဏ်ရာကို ခပ်ဖွဖွကိုင်မိသည်..။

ဆစ် ခနဲ ကျင်တတ်လာသော နာကျင်မှုသည် အရိုးထဲထိစိမ့်ဝင်လျက်...။

ဒီနာကျင်မှုလား...?? သူ့ကိုကျွန်တော်ပေးခဲ့တဲ့ဒဏ်ရာကထိုမျှပင်နာကျင်ရသည်လား..

* ဒုန်း.. *

အတော်ပင်ကျယ်သော အသံကြောင့်.. သတိဝင်စွာ.. ဘေးနားကိုလှည့်ကြည့်တော့ ..

ရေနွေးအနည်းငယ်ရောစပ်ထားသည့် ဇလုံနှင့်ပဝါဖြူ..
ပိုးသတ်ဆေးပုလင်းနှင့်ပတ်တီးဖြူလိပ်တို့အား ပစ်ချလိုက်သောဝိုင် ..

နီရဲနေသော မျက်ဝန်းတို့သည်..သူ့ကိုကြည့်ခြင်းမရှိ..။
ဇလုံတွင်းမှရေကျက်အေးထဲသို့ ပဝါကိုနစ်ကာညစ်နေသည်။

ဆောင့်အောင့်ကာပြုမူနေသောသူသည် စိတ်ရှည်ခြင်းတစ်စိုးတစ်စိမျှမတွေ့ရသည်တိုင်အောင်
ဒေါသထွက်နေခြင်းပင် ..

ထို့နောက် .. ပက်တီးဖြူဖြူနေရာယူထားသော
သူ့လက်ဖဝါးသည်..ကျွန်တော့်ရှေ့တွင် ဖြန့်လျက် ..

အထက်အောက်ခါရမ်းကာ အာရုံစိုက်စေရန် သူလုပ်ပြကာမှ ကျွန်တော့်လက်အားထိုးပေးမိသည်..။

ထိုချိန်ထိ သူစကားပြောခြင်းမရှိသေး...

" အ .... "

အနာပေါ်သို့ ကျလာသော ပူနွေးနွေးပဝါကြောင့် .. သတိလက်လွတ်အော်လိုက်မိတာကြောင့် အချိန်မှီ နှုတ်ခမ်းကိုအမြန်ကိုက်လိုက်သော်လည်း ..

" အာ.. အာ.. အား... "

အောင့်အီးသည်းခံ၍မရနိုင်အောင် .. ချစ်ရသူသည် ဒဏ်ရာအားဖိပွတ်နေလေသည်..။

အသနားခံမျက်ဝန်းတို့နှင့်မော့ကြည့်မိတော့..
မဲ့ပြုံးပြုံးနေသူသည်.. ကျွန်တော့်ကိုကြည့်ခြင်းမရှိသော်လည်း

" နာပလေ့စေ " ဆိုသည့်သဘောနှင့်ပြုမူနေသည်မှာသေချာသည်..။

_Y_ [ ဝိုင် ] حيث تعيش القصص. اكتشف الآن