အပိုင်း (၄)

2.7K 228 30
                                    

// Zawgyi //

အချိန်တွေဟာ တစ်ရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ..
သူတို့ငါးယောက်ခင်မင်မှုဟာလည်း တိုးပြီးရင်းတိုးလာခဲ့သည်
လင်္ကာနှင့် ဝိုင် ... သူတို့နှစ်ယောက်ခင်မင်မှုဟာ ညီအစ်ကိုနီးပါးဖြစ်ခဲ့သည် ..

တစ်ယောက်မကြိုက်တာကို တစ်ယောက်သိသလို..
ထိုမကြိုက်တာနှင့်ပင်ရွေးစလေ့ရှိကြသည် ..။

တိမ်လွှာ့ကိုတောင် ကလေးလိုဂျီကျမှုမျိုးမရှိခဲ့သူ သိက္ခာက
လင်္ကာနှင့်ကျလျှင် လိုချင်တာကိုရအောင်ယူတတ်နေပြန်သည် ..။

ရှင်းသန့်လင်း ..??
ထိုထူးဆန်းတဲ့နေ့ထဲက ကော်ဖီဆိုင်ကိုမလာတော့တာပင် ဖြစ်သည်..။ ဖုန်းနံပါတ်ကိုvisiting cardက တစ်ဆင့်သိထားသော်လည်း .. ၊ စိတ်ပူစွာ ဖုန်းဆက်မေးရအောင် သိက္ခာက သတ္တိမရှိသေး ..

" မကြာမီဖြစ်လာတော့မယ့် အနာဂတ်အတွက် .. မဖြစ်နိုင်တဲ့အတိတ်ကအချစ်ကိုမေ့လိုက်စမ်းပါကွာ ..."
ဟု တိမ်လွှာ တစ်သသပြောခဲ့သမျှဟာ သူနဲ့မတွေ့တာကြာသည့်အလျောက် .. နားထဲကိုဝင်ဆန့်လာခဲ့သည် ..

ကော်ဖီဆိုင်ကအလုပ်ကိုပင် နေ့ခင်းတစ်ချိန်ပဲလျှော့လုပ်၍ ..
ရှေ့လျှောက်သွားရမယ့် အနုပညာလမ်းအတွက်အားစိုက်လေ့ကျင့်ရင်း သူငယ်ချင်းတွေနဲ့ပင်အချိန်ကုန်လေ့ရှိသူ သိက္ခာကိုယ်တိုင်လည်းအရင်လိုမဟုတ်တော့ ..

ရွှေအိုရောင် ဆံပင်တို့က ..၊ မီးခိုးခဲရောင်အဖြစ်သို့ပြောင်းလဲကာ .. အရင်ကဖြူဖျော့တဲ့အသားအရည်က အခုချိန်ဆို နုဖက်ကာ ..
ရယ်လိုက်တိုင်းပေါ်လာတတ်တဲ့ ပါးပေါ်ကအချိုင့်နှစ်ခုကြောင့် Music major မှာသာမက ကျောင်းတစ်ခုလုံးရဲ့မိန်းကလေးတွေအသည်းစွဲKingနဲ့
အပြိုင်ပင်......

King ဆိုတဲ့နာမည်နဲ့လိုက်လှအောင် အလင်္ကာကလည်း ဆံပင်ခရမ်းရောင်တွေက မဟော်ဂနီရောင်အဖြစ်သို့ ပြောင်းလဲလာခဲ့သည်..။

အရင်ကဂေါ်လီဆန်ဆန်ဝတ်ပုံစားပုံတို့ကို လျှော့၍ .. ခေတ်ဆန်ဆန် မိန်းကလေးများအသည်းစွဲ တည်ငြိမ်သူအထာကြီးဖြစ်လာခဲ့သည်...။

ထူးဆန်းသည်က .. နှစ်ရက်ခြားတစ်ခါနီးပါး သူ့မျက်နှာနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများရှိလာသည်ကိုပင်..

_Y_ [ ဝိုင် ] Onde histórias criam vida. Descubra agora