အပိုင်း - ၁၂

1.5K 152 48
                                    

// Zawgyi //

" ရော့.. ရေ "

Practise room ထဲမှ မှန်ချပ်ကိုမှီကာ ..
နှစ်ယောက်လုံးအနားယူနေကြသည် .. ။

ဆံနွယ်တွေကတစ်ဆင့်.. နားထင်တစ်လျှောက်ကိုဖြတ်သန်းကာ.. လည်တိုင်မှ.. စွပ်ကျယ်အောက်ထဲထိပါအဆက်မပြတ်စီးဆင်းနေတဲ့
ချွေးစက်များကြောင့် ..

တစ်ယောက်နှင့်တစ်ယောက် စကားပြောချိန်မရ..၊
ကာလင်းလာပေးသော.. ရေခဲရေကိုသာအဆက်မပြတ်မော့သောက်ရင်း..

" မင်းကို အကသင်ရတာ အဲ့လောက်ခက်မယ်မထင်ခဲ့ဘူး "

သက်ပြင်းတိုးတိုးချကာ..နဖူးကချွေးကို ဂုတ်ပေါ်မှာတင်ထားတဲ့ သဘတ်အဖြူနှင့်အသာဆွဲသုတ်လိုက်သည်..။

" ငါဝါသနာမပါတာ ဖြစ်နေလို့ပါ "

အကသင်ပေးရုံနဲ့တင် တော်တော်နွမ်းနေပြီဖြစ်တဲ့ဝိုင့်ကို
အားနာစွာကြည့်ရင်း ပြောမိသည်..။

" မင်းကbrain နဲ့ကတာကိုး..၊ mind နဲ့က , heartကိုအသုံးချ.. ၊ အဲ့အခါကျရင် မင်းသင်စရာမလိုအောင် ကတတ်သွားလေ့မယ် "

" ငါဟိုအပိုင်းကိုမရဘူး "

လက်ဖြောက်တီးတဲ့ပုံလုပ်ကာ .. ခါးကိုအချိုးမကျစွာ ကိုးရို့ကားယားလှုပ်ရင်း.. လေ့ကျင့်ပြနေသူကို ချီးကျူးချင်သော်လည်း..မထိုက်တန်။

နာရီနဲ့ချီသင်ပေးထားသည့် အကွက်ပေါင်းများစွာကို ၂မိနစ်အတွင်း ဖျက်ဆီးလိုက်နိုင်သူပင်..။

" ကာလင်း!!! မင်းကိုငါပြောတယ်လေ!! ဒီလိုမဟုတ်ဘူး...!! ဒီလို...ဒီလိုပါဆိုနေ!!! အ .. !! "

စိတ်တိုကာ.. ကာလင်းနားပြေးသွားရင်း.. လက်ကိုဆွဲဆောင့်ကာ.. အကအမှန်ကိုသင်ပေးနေချိန်..

ပုခုံးပေါ်မှပြုတ်ကျသွားသည့်သဘတ်ကိုပြန်နင်းမိကာ.. ချော်ကျတော့ .. ခါးကိုလှမ်းစွာကာဖမ်းထားပေးသူကြောင့်

" ကြည့် .. နာသွားပြီမလား.. "

စုံမှိတ်ထားသောမျက်လုံးကို .. ခပ်သြသြအသံကြားမှ.. ဖြေးဖြေးချင်းဖွင့်ကြည့်မိတော့ ..

မျက်နှာနားနီးကပ်စွာ..ရောက်နေသူက ..
ပြုံးစိစိနှင့် ။

" လွှတ်! "

_Y_ [ ဝိုင် ] Donde viven las historias. Descúbrelo ahora