Judge တယောက်ကလည်း ထိုင်ရာမှထGDပုခုံးကိုကိုင်၍ "gwinchanayoe" ဟုမေးသည်
Chae က ထိုင်မနေနိုင်တော့ဘဲ GD ဆီသို့လျောက်လာပြီး
"Ji Yong shi gwinchanayoe"GDကChaeအားမော့ကြည့်လိုက်ပြီး evil smile တခုပြုံးလိုက်သည်
ထို့နောက် သူ၏ပုခုံးပေါ်တွင်ပေါ်တွင်တင်ထားတော့ judge တစ်ဦး၏ လက်ကို ပုတ်ချလိုက်ပြီး
"ကျုပ်ကိုမထိနဲ့"
ဟု ကျယ်လောင်စွာအော်လိုက်သည်မျက်နှာအမူအရာကလည်းဒေါသထွက်နေသည့်ဟန်ပြောင်းသွားပြီး ခုနကနှင့်တခြားစီပင်။
Judgeများက အံ့သြမှင်သက်စွာနှင့်သူ့အားကြည့်နေရာမှ performance မှန်းနားလည်လိုက်ကြသည်
သူဒေါသတကြီးပုံစံဖြင့်နောက်သို့ဆုတ်သွားပြီး ဇက်ကိုတချက်ချိုးလိုက်ရင်းမျက်စိမှိတ်လိုက်သည်
မျက်လုံးပြန်ဖွင့်လာသောအခါသူ့မျက်နှာတွင် ဒေါသအရိပ်အယောင်များမရှိတော့
နူးညံ့မှုအပြည့်နှင့်မျက်နှာများဖြင့်Chaeကိုကြည့်လိုက်ပြီး သူမအနားသို့ခပ်ဖြေးဖြေးလျောက်လာပြီး.....
"Saranghae Nuna"
Chae၏မျက်လုံးများပြူးကျယ်သွားပြီး
ရှက်သွေးကြောင့်မျက်နှာရဲတက်လာသည်"ကျွန်တော်ရဲ့ချစ်ခြင်းတရားဟာ Nunaပဲ ဦးခေါင်းထက်ကရှည်လျားတဲ့ဆံနွယ်ထူထူလေးတွေကအစ ခြေသည်းလေးတွေအဆုံး ချစ်တယ်"
Chae၏ မျက်ဝန်းစူးစူးများထဲမှ စိတ်လှုပ်ရှားမှုများ ချစ်ခြင်း၏ အငွေ့အသက်များကိုGDရှာဖွေသည်
တွေ့ပြီ ဟုတ်တယ် Chaeသူ့ကိုချစ်နေပြီဟု play boy ပီပီ သူသိရှိနိုင်လိုက်သည်
GD's mind:တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ
GD Chaeကိုနူးညံ့စွာပြုံးပြလိုက်သည်
သူ့အပြုံးကြောင့် Chae၏ ရင်ထဲ ဆစ်ခနဲ....ထို့နောက်...
Chae အပါအ၀င် Judge များအားလုံးအား bow လုပ်ပြီး
"Miyarnae ကျွန်တော့် performance ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်"Judge အများစုက ကျေနပ်ဟန်ပြကြသည် Chaeတစ်ယောက်တော့ ဘာမှပြန်မပြော
Chae p.o.v:
Performance ပဲလေ ငါ့စိတ်တွေဘာလို့မငြိမ်ရတာလဲ Lee Chaerin မင်းဟာဒီလိုလွယ်လွယ်စိတ်လှုပ်ရှားတတ်တဲ့မိန်းမမှမဟုတ်ပဲကွာ အခုဘာဖြစ်နေတာလဲ ဒီgipsyကိုမှ
YOU ARE READING
You are MY BREEZE ♥(SkyDragon)
Fiksi Penggemarအချစ်ဆိုတာ လေပြေလေညှင်းလေးလိုပဲ ဖမ်းဆုပ်ခွင့်မရဘူး မြင်တွေ့ခွင့်မရဘူး ဒါပေမဲ့ ခံစားလို့တော့ရတယ် မင်းကကိုယ့်ရင်ထဲကိုအေးမြစေတဲ့ လေပြေလေညှင်းလေးပါ ချစ်ရသူ