♡ ♡ ♡ ♡ ♡

94 15 30
                                    

Chae p.o.v:
သူကိုယ့်မျက်စိရှေ့ကထထွက်သွားတဲ့အထိ ဘာမှမပြောမိတော့ဘူး

" ကျတော် ချစ်တယ်ဆိုတဲ့စကားကလည်းကစားရုံသက်သက်မဟုတ်ပါဘူးကျတော်မရှိတော့ရင် Chaerin shiပိုပြီး စိတ်အနှောင့်အယှက်မဖြစ်ဘဲနေရတော့မှာပါ"သူ့စကားတွေနားထဲရစ်ဝဲနေဆဲ....

သူကိုယ့်ကိုချစ်တာအစစ်အမှန်လား

သူကဘာလို့ထွက်သွားတာလဲ ကိုယ်သူမရှိဘဲမနေတတ်တော့တာလား...မဟုတ်ဘူး ကိုယ်မနေနိုင်တော့တာပဲ...ဘာလို့များ ကိုယ်ဒီလိုဖြစ်သွားရတာလဲ ကိုယ့်အတွက်အနှောင့်အယှက်လို့ယူဆထားတဲ့အရာတစ်ခုကို ကိုယ်ဘာလို့တွယ်တာနေမိတာလဲ ဒီလူကိုမှ ဟုတ်တယ် ဒီလူကိုမှ ကိုယ်ချစ်နေမိတာ ဟုတ်တယ် ကိုယ် Ji Yongကိုချစ်နေပြီ သူ့ကိုသွားခွင့်မပေးနိုင်ဘူး

------------------------------

GD p.o.v:
ဘယ်သူမှဒုက္ခမပေးချင်တော့ဘူး Lee Chaerin ကတကယ်တမ်းကျလည်မလိုနဲ့ အ တယ် ကျတော်သူ့ကိုသနားတယ် နာကျင်အောင်မလူပ်ချင်တော့ဘူး တခြားမိန်းမတွေနဲ့သူနဲ့ကမတူဘူး တခြားမိန်းမတွေကကျတော်ကြောင့်နဲ့သူလောက်မနာကျင်ကြပါဘူး အခုသူက......

သူ့အပေါ်ထားတဲ့ကျတော့်ခံစားချက်တွေကိုလည်းကြောက်လာတာပါပါတယ်...ကျတော်ဘယ်သူ့ကိုမှမချစ်ချင်ဘူး...sunnyကိုပဲချစ်ပေးချင်တယ်...ကျတော်လိုချင်တာ ပိုက်ဆံပဲ

ဟင်....နောက်ကနေသိုင်းဖက်လိုက်တာ ကျတော့်ခါးကိုသိုင်းဖက်ထားတာ သူမလက်တွေ Lee Chaerinလက်တွေပဲ ကျတော့်နောက်ကျောတခုလုံးသူမကိုယ်ငွေ့ကြောင့်နွေးထွေးသွားတယ်

ကျတော် သူမလက်ကိုလှည့်ကြည်လိုက်တော့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့...သူမနှုတ်ခမ်းဖျားတွေက ခပ်ဖွဖွပြောနေတာက
"saranghae Ji Yong"

ကိုယ့်နားကိုတောင်မယုံနိုင်အောင်ပါပဲ
Lee Chaerin ဆိုတဲ့သားကောင်မလေး က သနားလို့လွတ်ပေးလိုက်တာတောင် ထောင်ချောက်ထဲအတင်းတိုးဝင်လာတော့တာပဲ သိပ်မိုက်တယ် သိပ်မိုက်မဲတယ် Chaerin

"ကျတော်လည်း nunaကိုချစ်တယ်"
သူမခန္ဓာကိုယ်လေးကို ကျတော်ပွေ့ဖက်ထားလိုက်တယ်

ငါ့လိုလူကိုမှချစ်မိတဲ့မင်းရဲ့ ကံဆိုးမှုအတွက်စိတ်မကောင်းပါဘူး Lee Chaerin

You are MY BREEZE ♥(SkyDragon) Where stories live. Discover now