Lips ヅ

112 16 16
                                    

ကိုယ့်နာမည်Lee Chaerin
Lee Familyရဲ့သမီးကြီး
CL Entertainment ရဲ့ဆက်ခံသူ
လူတော်တော်များများကတော့ Bumptious Lady လို့သတ်မှတ်ကြတယ်။မာနကြီးတယ်တဲ့......

တကယ်တော့ကိုယ်ကမာနဆိုတဲ့နံရံထူထူနဲ့ကိုယ့်အတွင်းစိတ်ကိုဖုံးဖိထားချင်သူတစ်ယောက်ပါ

Omma...Ommaဆုံးပြီးထဲကပေါ့
အမြဲအလုပ်ရှုပ်နေတတ်တဲ့Appaကိုကိုယ်သဘောမကျဘူး တခါမှ"သမီး"လို့ ကိုယ့်ကိုမခေါ်ဖူးတဲ့Appaကိုသဘောမကျဘူး

Ommaကိုတော့သိပ်ချစ်တယ်
နွေးထွေးတတ်တယ် ကြင်နာတတ်တယ် အနမ်းချိုချို အပြောချိုချိုလေးတွေနဲ့Ommaကိုသိပ်ချစ်တယ်။Ommaနဲ့ကိုယ်ရဲ့ကမ္ဘာလေးက သိပ်ကိုနွေးထွေးလှပတာပဲ
OmmaကLee Chaerinဆိုတဲ့ကလေးလေးရဲ့Angleလေး ♥

ဒါပေမဲ့....ကျွန်မအသက်၁၂လောက်မှာ ကျွန်မရဲ့ကမ္ဘာလေးအမှောင်ကျသွားတယ်။Lee Chaerinဆိုတဲ့ဒီကလေးမကိုတောင် ပြည့်ပြည့်၀၀ မချစ်ပေးနိုင်တဲ့Appaက နောက်ထပ်ကလေး လိုချင်တယ်တဲ့...hkhk

ဒီလိုနဲ့ Omma ကိုယ်ဝန်ရှိလာခဲ့တယ် ညီမလေးတစ်ယောက်တဲ့...ကိုယ့်အတွက်တော့ နောက်ထပ်Angleလေးတစ်ပါးလို့ယူဆခဲ့တယ် Ommaအနားမှာကပ်ပြီးညီမလေးအကြောင်းပြောရင်း ပျော်ရွှင်နေတယ်

Appaလည်းအရင်ကလောက်အလူပ်ကိုအချိန်မပေးတော့ဘူး..Ommaအနားမှာနေတယ် ပျော်တယ် LeeFamilyရဲ့အပျော်ဆုံးအချိန်ပဲ

Ommaမွေးဖွားခါနီး တစ်ရက်မှာ Appaနဲ့Doctor ပြောနေတာကြားလိုက်တယ်
ဘာတဲ့..."သူ့အတွက်ဒီကလေးမွေးတာသိပ်အန္တရာယ်ရှိတယ် တကယ်ဆို ကလေးထပ်မယူသင့်ဘူး Ms.Lee"

အန္တရယ်ရှိတယ်..အဲ့ဒါဘာကိုပြောချင်တာလဲ..ကိုယ်သိပ်နားမလည်ခဲ့ဘူး...နောက်တော့နားလည်ခဲ့ရတယ်

Omma ညီမလေးကိုမွေးရင်းဆုံးသွားခဲ့တယ်
မဆုံးခင်လေးမှာ ညီမလေးကိုခေါ်သွားတဲ့နာမည်လေးက "Jennie" တဲ့

ကြေကွဲနေတဲ့မျက်ဝန်းတွေနဲ့ အနှီးထုပ်ထဲကညီမလေးကိုကြည့်ရင်း "Jennie"လို့ Ommaနှုတ်ခမ်းခပ်ဖွဖွရေရွတ်သွားခဲ့တယ်

Jennie..Lee Jennie
Angleလေးလို့ထင်ခဲ့ဖူးတဲ့ Jennie
မဟုတ်ဘူး...သူကAngleမှမဟုတ်တာ..သူလူ့ဘ၀ထဲဝင်ဖို့Ommaကထွက်သွားပေးရတာ သူကDevil ဟုတ်တယ် သူကdevil မချစ်ဘူး Jennieကို ကိုယ်လုံးဝမချစ်ဘူး

You are MY BREEZE ♥(SkyDragon) Where stories live. Discover now