"Ji Yong ဘာလို့ အခုတလောကိုယ့်ကိုရှောင်နေတာလဲ"
CL entertainment building ၏ ခေါင်မိုးထပ်ပေါ်တွင် coffee တစ်ယောက်တစ်ခွက်စီကိုင်ကာတိတ်ဆိတ်စွာသောက်နေရင်း Chae ကစကားစလိုက်သည်...
GD တစ်ယောက်ဘာမှပြန်မဖြေ....
ဟုတ်တယ် သူရှောင်နေခဲ့သည်...အခုတလောGD Chaeကိုရင်မဆိုင်ရဲ...သူ့မျက်လုံးတွေက "မင်းငါ့အပေါ်လုပ်ရက်တယ်"ဟု အပြစ်တင်ပြောဆိုနေသကဲ့သို့ သူခံစားရသည်..."မရှောင်ပါဘူး nuna ရယ် "ဟုပြောပြီး သူနောက်တွင်ရပ်နေသော Chaeကိုကျောခိုင်းကာ အဝေးတစ်နေရာဆီသို့ မျှော်ကြည့်နေသည်...
"ကိုယ်မင်းကိုမုန်းတယ်"
Chaeထံမှာကြားလိုက်ရသောစကားကြောင့် GDရင်ထဲဆတ်ခနဲနာကျင်သွားသည်Chaeဘက်သို့စိတ်ပူမှုများစွာဖြင့် ကြောက်လန့်နေသာမျက်နှာထားနှင့်လှည့်ကြည့်လိုက်ပြီး
"Nuna waeyo?"Chaeကသူ့ကိုမျက်စောင်းလှလှလေးထိုးကြည့်လိုက်သည်။ထိုသို့မှသာ Chaeတခုခုကိုစိတ်ကောက်၍ပြောလိုက်ခြင်းသာဖြစိကြောင်း GDသိလိုက်ပြီးသက်ပြင်းချနိုင်သွားသည်
"မင်းကကိုယ့်ဟာကိုယ်ဘာလုပ်ရမလဲမသိလို့လေ ပြီးတော့ကိုယ့်ကိုခုတလောပြစ်ထားတယ်"
Chae၏စိတ်ကောက်မှုကြောင့် GDရယ်ချင်သွားပြီး...
"ကျတော်ဘာလုပ်ရမှာလဲ nuna ရဲ့""ဟောကြည့် အဲ့ဒါကြောင့်မုန်းတာပေါ့"
"ရော်... ခက်ပြီဘယ်ဟာကြောင့်လဲ ရှင်းရှင်းပြောပါဗျ"
"ကိုယ်ကမိန်းကလေး....မပြောချင်ဘူး"
Chae၏ တင်းမာသော မျက်နှာထားနှင့်မလိုက် စိတ်ကောက်နေမှုကို ကြည့်၍ GDအသည်းယားလာပြီး Chaeအားရင်ခွင်ထဲဆွဲထည့်လိုက်သည်
"Yarrrr ဘာလုပ်တာလဲ"
"ဘာဖြစ်နေတာလဲပြောလေ မပြောဘူးလားပြောမှာလား"
"....."
"Borrrr"
Chae၏ နှုတ်ခမ်းနုနုလေး နစ်ဝင်သွားအောင် GDဖိနမ်းလိုက်ပြီး
"ပြောလေဗျာ"Chaeက GD၏ရင်ဘတ်အားမူနွဲ့စွာထုလိုက်ပြီး
"ကိုယ့်အိမ်နဲ့လည်းမိတ်ဆက်ပေးပြီးပြီးလေ appaကိုလည်း ကိုယ်တို့ကလက်ထပ်မှာလို့ပြောထားပြီးပြီ အဲ့ဒါ မင်းက လက်ထပ်ခွင့်တောင်းရမယ်လေ"

YOU ARE READING
You are MY BREEZE ♥(SkyDragon)
Fanficအချစ်ဆိုတာ လေပြေလေညှင်းလေးလိုပဲ ဖမ်းဆုပ်ခွင့်မရဘူး မြင်တွေ့ခွင့်မရဘူး ဒါပေမဲ့ ခံစားလို့တော့ရတယ် မင်းကကိုယ့်ရင်ထဲကိုအေးမြစေတဲ့ လေပြေလေညှင်းလေးပါ ချစ်ရသူ