Notice ###
ဖြစ်ရပ်မှန်ကြီးပဲ မဟုတ်ပဲ Fiction ပါထည့်ထားပါတယ်
ဇာတ်လမ်းရဲ့ တည်နေရာကိုလည်း Korea ကိုထားပြီးရေးမှာပါ
########
ကျွန်မ ငယ်စဉ်အခါက အိမ်မက်မက်ခဲ့တဲ့ အဆိုတော်ဆိုတဲ့
အလုပ်ကိုစွန့်လွှတ်ပြီး ရှေ့နေတစ်ယောက်ရဲ့လမ်းကို
လျှောက်လှမ်းခဲ့တယ် ဒါပေမယ့် ရှေ့နေအလုပ်ကို
ကျွန်မ မနှစ်သက်တာတော့မဟုတ်ပါအခုဆိုရှေ့နေ နယ်ပယ်မှာအောင်မြင်သူတစ်ယောက်
ဖြစ်လာပြီ အောင်မြင်လာတဲ့အလျောက်အားလပ်ရက်ဆိုတာကတော့ခပ်ရှားရှား ဒါပေမယ့် ဒီတစ်ခေါက် ပိတ်ရက်မှာတော့
ခရီးထွက်ချင်မိသည်"ဟေး Jessica Jung နင့်အတွေးတွေဘယ်ရောက်နေတာလဲ
ငါခေါ်နေတာ အာပေါက်တော့မယ်""Sorry... ဒီတစ်ခေါက်ပိတ်ရက်မှာ ဘယ်သွားရင်ကောင်းမလဲ
စဉ်းစားနေတာပါ""Oh!!! အလုပ်ဂျပိုး Jessica Jung က ခရီးထွက်မယ်ဆို
လားပဲ ပြောပါအုန်းဘယ်သွားဖို့အစီအစဉ်ရှိလဲဆိုတာ""Jeju?"
"အရမ်းလည်းဝေးသွားပါအုန်းမယ်"😏
"ဒီတစ်ခေါက်ပိတ်ရက်က တိုတယ်ဆိုတာနင်လည်းသိပါ
တယ်""Hak ပိတ်ရက်က တစ်ပတ်ကြီးပါနော် နိုင်ငံခြားခရီးစဉ်
အသာလေးသွားလို့ရတယ်""ဒါပေမယ့် တစ်ပတ်ကြီးများတောင်မနားချင်ပါဘူး ပြီးတော့
ဘယ်သွားသွားကောင်းကင်နဲ့ မြေကြီးပဲရှိတဲ့ဟာကို
အဝေးကြီးသွားသွား နီးနီးလေးပဲသွားသွားတူတူပဲဟာ
အဝေးကြီးသွားရင် ပင်ပန်းတယ် ပိုက်ဆံကုန်တယ် ငါ့မှာ
ကိုင်စရာအမှုတွေကနည်းတာမဟုတ်ဘူး""နင့်ကိုငါမပြောတော့ဘူး နင့်ကြောင့်ငါ့တို့ law firm က
မီတာတွေတက်နေတာ မျက်လုံးဖွင့်လည်းအလုပ်
အိပ်လည်းအလုပ် ထမင်းစားလည်းအလုပ် အဲ့အလုပ်ကမ္ဘာ
ထဲကကိုမထွက်နဲ့တော့""အင်းပါ နင်လည်းလိုက်ခဲ့လေ ငါတစ်ယောက်တည်းကျပျင်း
စရာကြီးလားလို့""Sorry ပါ ငါက ဂျပန်သွားမှာ ပိတ်ရက် တစ်ပတ်ရတဲ့ဟာ
ပြည်တွင်းခရီးကြီးတော့မသွားချင်ပါဘူး Jeju ဆိုတာက
မရောက်ချင်တဲ့အဆုံး ဆယ်ခေါက်ကျော်ပြီ နင့်ဘာနင်သွား"