Chapter 8

492 42 3
                                    

"နင်ငါတို့အထက်တန်းပြီးတော့နှုတ်ဆက်ပွဲလုပ်တဲ့နေ့ကို
မှတ်မိသေးလား အဲ့နေ့က ငါတို့သူငယ်ချင်းတွေရှေ့မှာ ငါ
Fany ကိုချစ်တယ်လို့ဝန်ခံခဲ့တယ် ငါကလေ ချစ်တယ်လို့
ပြောရဲတဲ့သတ္တိရှိပေမယ့် အမြဲတမ်းငါအဲ့စကားကိုပြန်ရုတ်သိမ်းခဲ့တယ်"

"မှတ်မိတယ်တာပေါ့အဲ့နေ့ကနင့်ကိုဝန်ခံလာအောင်လုပ်တဲ့အဓိကတရားခံက ငါပဲဟာ"

>>>Flashbacks<<<
"Fany ah...သူတို့ဘယ်ရောက်သွားလည်းမသိဘူး သွားရှာရ
အောင်"Jessica သတ္တိမွေး၍ Tiffany လက်ကိုကိုင်လိုက်
သည်.....

(ကျွန်မ သူ့လက်ကိုပထမဆုံးကိုင်ဖူးတာကြောင့် ကျွန်မရင်
တွေ အတိုင်းအဆမရှိခုန်နေခဲ့သည် ကျွန်မရဲ့ကျယ်လောင်
လှတဲ့ နှလုံးခုန်သံကို သူသိသွားမှာလည်းတစ်ဖက်မှ စိုးရိမ်နေ
ခဲ့သည် ဒါပေမယ့်လည်းထိုအခိုက်အတန့်လေးက ကျွန်မအတွက်ပျော်ရွှင်စရာအခိုက်အတန့်လေးဖြစ်ခဲ့ပါသည်)

Eunjung တို့ကိုရှာနေတာ မိနစ် နှစ်ဆယ်လောက်ရှိပြီ ရှာမ
တွေ့သေးသဖြင့်
"Sica ငါအိမ်သာဝင်လိုက်အုန်းမယ် နင်ခဏစောင့်ပေးလို့
ရမလား"

"ရတယ်လေ ငါအပြင်မှာစောင့်နေမယ်"

Tiffany လည်းအိမ်သာထဲအဝင် Eunjung တို့ရောက်လာပြီး
Jessica ကိုဖမ်းချုပ်လိုက်သည်
"Ya နင်တို့ဘာလုပ်တာလဲ?!!"Jessica အော်လိုက်သည်.....

"နင်တစ်ဖက်သက်ကြိုက်နေတဲ့သူရှိတယ်မလား အဲ့လူ
နာမည်ငါတို့ကိုပြောစမ်း"

"မရှိပါဘူး နင်တို့ဘာတွေပြောနေတာလဲ?"

"Jessica ရယ်နင့်မျက်လုံးကလိမ်လို့မရပါဘူး သူငယ်ချင်းတွေပဲဟာ နင့်စိတ်ထဲမှာရှိနေတဲ့သူနဲ့ ငါတို့ထင်ထားတဲ့သူနဲ့တူတူပဲမလား?"Eunjung...Jessica မျက်လုံးကိုစိုက်ကြည့်၍ပြောသည်.......

"သူကငါတို့နဲ့တစ်နှစ်ထဲဟာဒီထက်ပိုပြီးတော့ ငါမပြောနိုင်တော့ဘူး ငါ့ကိုလွှတ်ပေးပါဟာ"Jessica တောင်းဆိုသည်

"မရဘူး နင်ငါတို့ကို တန်းလန်းကြီးချန်ခဲ့လို့ရမလား?"Ji Yeon
ဝင်ပြောသည်

You've reached the end of published parts.

⏰ Last updated: Apr 07, 2018 ⏰

Add this story to your Library to get notified about new parts!

My Majesty(Like A Fool)Where stories live. Discover now