"ဟဲ့ ငါဟိုတယ်အောက်ရောက်နေပြီ နင့်အခန်းနံပါတ်ပြော
လေ ငါအပေါ်တက်ခဲ့မယ်""တက်ခဲ့ရင်လည်းတက်ခဲ့ Room No.111"
Eunjung အခန်းရှေ့ရောက်တော့သူကိုယ်သူ အသပ်ရပ်ဆုံး
ဖြစ်အောင်လုပ်လိုက်သည် ပြီးမှ bell ကိုနှိက်လိုက်သည်"မတွေ့တာကြာပြီ ငါ့သူငယ်ချင်းလေး"တံခါးဖွင့်ဖွင့်ပြီးချင်း
သူမကိုဖက်လိုက်သော Jiyeon ကြောင့် Eunjung မျက်လုံး
ပြူးကာအသက်အောင့်ထားမိသည်Jiyeon သူမကိုလွှတ်လိုက်မှပဲ
"အေ""နင့်ပုံစံကြီးကဘာလဲဟ မတွေ့တာကြာလို့ငါ့ကိုစိမ်းကား
သွားတာလား?"☹️"အဲ့လိုမဟုတ်ပါဘူး နင်ပြင်ဆင်ပြီးပြီလား ပြီးရင်
Breakfast သွားစားကြမယ်လေ"Eunjung အခုမှ အသက်
ရှူနိုင်တော့သည်"ပြီးပြီ နင့်ကိုမိတ်ဆက်ပေးစရာလူရှိတယ်"
သူမ မိတ်ဆက်ပေးစရာလူရှိတယ်လို့ပြောလိုက်တိုင်းကျွန်မ
ရင်ထဲက အမြဲထိတ်ခနဲဖြစ်သွားတတ်သည်သူမဘဝမှာ ကျွန်မကိုမိတ်ဆက်ပေးစရာလူရှိတယ်လို့ပြော
တာ ဒီအကြိမ်နဲ့ဆို သုံးကြိမ်ရှိပြီ"အင်း Fany ရော?"
"သူက Hotel ရဲ့ VIP ဧည့်သည်လာလို့ သွားတယ်"
"သွားကြမယ်လေ"Eunjung...Jiyeon ရဲ့လက်ကိုချိတ်လိုက်
သည်
*********
VIP ဧည့်သည်နဲ့အလုပ်များနေသော Tiffany တစ်စုံတစ်
ယောက်ရဲ့ဆွဲခေါ်ခြင်းကိုခံရသည်"Oppa နာတယ် ကျွန်မကိုလွှတ်"
ထိုသူ Tiffany ရဲ့လက်ကိုဆောင့်လွှတ်လိုက်သည်
"မင်း အရှက်မကွဲချင်ရင် ငါ့နောက်ကိုအသာလေးလိုက်လာခဲ့"ထိုသူခေါ်သွားရာနေရာလေးကတော့ car hotel ခန်းလေး
တစ်ခု...
"ဝင်ခဲ့""ဒီမှာပဲ ပြောကြမယ် ကျွန်မ မအားဘူး"
ထိုသူ Tiffany လက်ကိုဆွဲချုပ်ပြီး ကား တံခါးတွင်ကပ်ထား
လိုက်သည်...
"နင် အတော် သတ္တိကောင်းနေတယ်ပေါ့ ငါတို့တွဲလာတာ
လေးနှစ်ကျော် ငါးနှစ်ပြည့်တော့မယ် နင်တစ်ခါမှငါ့ကို
ကလန်ကဆန်မလုပ်ဖူးဘူး ရန်ဖြစ်တိုင်းလည်းနင်ပဲငါ့ကို
အရင်ချော့တယ် ဘာလဲနင်အသစ်တွေ့နေပြီလား?"