One years later.......
"သမီးရေ Jessica.....အောက်ဆင်းလာပါအုန်း
Doctor Song ရောက်နေတယ်"တစ်ပတ်နှစ်ခါ မနက်တိုင်းကြားရသော အသံ.....
ကျွန်မဆေးရုံက ဆင်းတာရှစ်လ နဲ့တစ်ပတ်ရှိပြီ
ကျွန်မ ကို သူတော်တော်ဂရုစိုက်ရှာပါတယ်
အမြဲတမ်း ကျွန်မ ကျန်းမာရေးအခြေအနေကို တစ်ပတ်မှာ၂
ရက်ပုံမှန်လာကြည့်ပေးတယ်
အခုလည်းကျွန်မ ကျန်းမာရေး အခြေအနေကို ကြည့်ပေးဖို့
ရောက်လာပြီ
သူ့ကို omma က သမက်တစ်ယောက်အနေနဲ့တော်တော်
သဘောကျသလိုပဲ အဲ့တာကြောင့်တစ်ပတ်တစ်ခါ
Doctor Song နဲ့ အပြင်ထွက်လျှောက်လည်ခိုင်းတယ်ပုံမှန်ဆို ဒီနေ့လို Sunday က သူနဲ့လျှောက်လည်နေကြလေ
ဒါပေမယ့် ဒီနေ့တော့ ကျွန်မ သူနဲ့လျှောက်လည်ချင်စိတ်မရှိ
ဘူး ကျွန်မစိတ်တွေမွန်းကျပ်နေတယ် ကျွန်မနှလုံးသားက
နာကျင်နေတယ် ခါတိုင်းနေ့တွေထက်နှလုံးသားကပိုလို့
နာကျင်နေတယ် ဒီနေ့ကျွန်မနှလုံးသားထဲက သူမ "Tiffany"
ရဲ့နှစ်ပတ်လည်နေ့ ဒီလောကကြီးထဲမှာ Tiffany မရှိတော့ဘူး
ဆိုတဲ့အသိက ကျွန်မကို နာကျင်စေတယ် ကျွန်မ ဦးနှောက်
က သူမသေသွားပြီဆိုတာသိပေမယ့် ကျွန်မ နှလုံးသားက
လက်မခံနိုင်သေးဘူး တစ်ခါတစ်လေတွေးမိပါသေးတယ်
Drama တွေထဲကလို သူမ အတိတ်မေ့သွားလို့ပြန်မလာနိုင်
သေးတာလားလို့........"သမီးရေ omma ခေါ်နေတာမကြားဘူးလား"ရုတ်တရက်
အခန်းတံခါးဖွင့်ကာဝင်လာသော omma ကြောင့် ကျွန်မ၏
အတွေးစများသည်ပြတ်တောက်သွားသည်......"သမီးအခုပဲပြင်ဆင်ပြီးဆင်းလာတော့မလို့ပါ"
"ဒီနေ့ Dr.Song က သမီးအတွက် အထူး special ပြင်ဆင်
ထားတာရှိတယ်တယ့် အဝတ်အစားကိုလှလှလေးရွေးဝတ်
နော် အထူးပြင်ဆင်တာဆိုတော့သမီးကို~""သမီး အခုရေမြန်မြန်သွားချိုးလိုက်အုန်းမယ် Dr.Song ကို
အကြာကြီးစောင့်ခိုင်းရင်အားနားစရာကြီး"လို့ပြောပြီး
ရေချိုးခန်းထဲသို့ပြေးဝင်သွားသည်
(Omma ပြောမယ့်စကားကို Jessica ကြိုသိနေပါသည်
သမီးကို Dr.Song က လက်ထပ်ခွင့်တောင်းတော့မည်ဆိုတာပင် ထိုစကားများကိုမကြားချင်သဖြင့်စကားဖြတ်ပြောလိုက်
ခြင်းပင်...)