Chapter 4

399 49 2
                                    

"ငါ့ကိုလွှတ်ပေးပါ Jessica ငါဒီလောကကြီးမှာနေရတာ
ပင်ပန်းလှပြီ ငါ့အတွက်အေးချမ်းရာကိုသွားတဲ့အချိန်မှာ
အသာတကြည်သွားခွင့်ပေးပါဟာ"Tiffany ငို၍ Jessica ကို
တောင်းဆိုသည်

(ကျွန်မ အသံကိုသူမ မှတ်မိနေတာလား ကျွန်မရင်ထဲ
ပျော်ရွှင်မိတာတော့အမှန်ပါ ဒါပေမယ့် သူမအပေါ်စိုးရိမ်မှု
ကြီးကိုမလွှမ်းခြုံနိုင်ပါ)

"အရင်ဆုံးငါတို့ဟိုတယ်ကိုပြန်သွားရအောင်နော် နင်မရှိရင်
ငါသေလိမ့်မယ် ငါတို့ပြန်ရအောင်နော်လို့"ရုန်းရင်းဆန်ခက်
ဖြစ်နေရင်းကနေ Jessica ရအောင်ပြောသည်...

"ငါ့ကိုဘယ်သူမှ တားလို့မရဘူး ငါဆုံးဖြတ်ပြီးသွားပြီ ငါ
ဘယ်လောက်ကြိုးစားကြိုးစား ဒီအထီးကျန်ဆန်မှုဆိုတဲ့နွံ
တောကြီးထဲက ငါမထွက်နိုင်ခဲ့ဘူး ဒါပေမယ့် ငါအခု
ငါ့အတွက်ထွက်ပေါက်တစ်ခုကိုရှာတွေ့သွားပြီ"
Jessica တားနေသည့်ကြားထဲက Tiffany ပင်လယ်ဘက်ဆီ
သို့မရမကရုန်း၍ရှေ့သို့တက်တိုးသည်

"နင်တစ်ယောက်တည်းမဟုတ်ပါဘူး နင့်အနားမှာဘယ်သူမှ
မရှိရင်တောင်ငါအမြဲနင့်နားမှာရှိနေမှာပါ ဘယ်လိုပဲဖြစ်နေ
ဖြစ်နေ တစ်လောကလုံးကနင့်ကို လက်ညှိုးထိုးပြီး ကဲ့ရဲ့
ရှုံ့ချနေရင်တောင် နင်အနားမှာ ငါအမြဲရှိပြီးနင့်ကိုကာကွယ်
ပေးမှာပါ အရင်တုန်းကလိုငါ အင်အားမဲ့တဲ့သူမဟုတ်တော့
ဘူး နင့်ကိုကာကွယ်ပေးဖို့ နင့်ကိုအဖော်ပြုပေးဖို့ နင့်ကို
စောင့်ရှောက်ဖို့အင်အားတွေငါ့မှာရှိလာပြီ ငါကညံ့ဖျင်းတဲ့သူ
တစ်ယောက်မဟုတ်ပါဘူး နင့်ဘဝကိုအဆုံးသတ်လိုက်ဖို့တော့မဆုံးဖြတ်လိုက်ပါနဲ့"
Jessica.....Tiffany ကို ကမ်းစပ်ဖက်သို့အားနဲ့ဆွဲခေါ်ရင်း
ပြောသည်.....

အမြဲတမ်းကျွန်မဘက်မှာရှိနေသော Jessica ဆိုတဲ့သူမ.....
ကျွန်မသူ့ကို ဘယ်လောက်ပဲနာကျင်အောင်လုပ်ပါစေ ကျွန်မ
ကိုအမြဲတမ်းသည်းခံခွင့်လွှတ်ပေးသော Jessica ဆိုသော
သူမ..........
ကျွန်မဘက်ကသူ့ကို့အချစ်တွေမပေးပေမယ့် အမြဲတမ်း
ကျွန်မကိုချစ်နေပေးသော Jessica ဆိုသောသူမ......
Jessica ငါတောင်းပန်ပါတယ်.......

**************
"Eunjung ဒါက ငါ့ရဲ့ partner Oh Jeong Min"

"Nice to meet you Oh Jeong Min shii"Eunjung
အတတ်နိုင်ဆုံးပြုံး၍နှုတ်ဆက်လိုက်သည်

My Majesty(Like A Fool)Where stories live. Discover now