မရောက်တာကြာပြီဖြစ်ပေမယ့် အမြဲထာဝရမပြောင်းလဲသော
Jeju Island ရဲ့သဘာဝအလှတရား များဖြင့်ပြည့်နှက်နေ
သော ပင်လယ်ပြာပြာကြီးကို မျက်နှာမူ၍ အလွန်လတ်ဆတ်
လှသောလေကို Jessica အဝရှူလိုက်သည်....."နင်ဒီနှစ်အတွင်းမှာ Jeju ကိုမရောက်ဖြစ်ဘူးလား?"
"အင်း နှစ်တွေအတော်ကြာခဲ့ပြီ ဒါပေမယ့် ဒီပင်လယ်ကြီးက
အရင်တုန်းကအတိုင်းပဲ ဘာမှမပြောင်းလဲသွားဘူး"
Jessica အားယူ၍ပြုံးလိုက်သည်..."နင်ငါတို့နဲ့လာပြီးကတည်းက ဒီကိုမရောက်ဖြစ်တာလား?"
"အင်း ဟိုတယ် သွားပြီး check in လုပ်ရမယ်ဒီကပင်လယ်စာက အရမ်းလတ်ဆတ်ပြီး စားလို့ကောင်းတာ
ငါဒီကိုလာရတဲ့ အဓိက အကြောင်းအရင်းက ပင်လယ်စာ
စားဖို့လေ"Jessica ထိုအကြောင်းမပြောချင်သဖြင့် စကား
ဖြတ်လိုက်ချင်းဖြစ်သည်"နင်ကတည်ငြိမ်ရင့်ကျက်လာတဲ့ပုံပေါက်ပေမယ့် သူ့နဲ့
ပတ်သက်လာရင် နင့်ပုံစံက အမြဲဒီလိုပဲ"
**********
"ဘာ နင်ဒီကိုရောက်နေပြီလား မြန်လာချည်လား Eunjung
ရယ်""နင့်ကို အရမ်းတွေ့ချင်နေလို့"Eunjung စိတ်ရင်းနဲ့ပြောတဲ့စကားပေမယ့် ဒါမျိုးကို Jiyeon ကတော့စတယ်လို့ မှတ်ယူ
နေကြလေ သူမကျွန်မရဲ့ခံစားချက်ကို သိရဲ့သားနဲ့ မသိချင်
ယောင်ဆောင်တာလား တကယ်ပဲမသိတာလား ကျွန်မ
မခွဲခြားတတ်တော့ပါ....."နင်ရဲ့ ပြက်လုံးတွေတော်တော့ အဲ့တာတွေက ဟောင်းနေပြီငါ Tiffany အလုပ်လုပ်နေတဲ့ ဟိုတယ်မှာ တည်းတာ
နင်လည်းဒီဟိုတယ်မှာပဲတည်းပါလား အခန်းမရမှာတော့
မစိုးရိမ်နဲ့နော် Tiffany Hwang ဆိုတဲ့ Manager ကြီး
တစ်ယောက်လုံးရှိတာမမေ့နဲ့နော်...""ငါ ဟိုတယ်စုံစမ်းဖို့သွားတုန်း သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ သူ့နဲ့ပဲတူတူတည်းလိုက်တယ် ဒီနေ့တော့ခရီးပန်း
နေလို့နားလိုက်အုန်းမယ် မနက်ဖြန်ကျ နင့်ကိုငါလာတွေ့ပါ
မယ်""Eunjung nah ငါ အဝတ်အစားလဲမလို့ကားအပြင်ခဏ
လောက်ထွက်ပေးပါလား""မနက်ဖြန် ၁၀ နာရီလောက်တွေ့ကြမယ် ငါလာခါနီး ဖုန်း
ဆက်လိုက်မယ်"Eunjung ဖုန်းချလိုက်သည်