PART-02

230 29 4
                                    


တစ်​ခါတစ်​ရံ အဖြစ်​အပျက်​​တွေက နတ်​သမီးပုံပြင်​ထဲကလိုပဲဆန်းကြယ်​တယ်​။

ကျ​နော့်​​ရှေ့မှာငုတ်​တုတ်​ထိုင်​ပြီး ဂိမ်း​ဆော့​နေတဲ့​ကောင်​​လေးက​တော့ ကျ​နော်​ဘာဖြစ်​​နေလဲဆိုတာ​တောင်​သိမှာ မဟုတ်​ဘူး​။

အချိန်​ခဏအတွင်းမှာဖြစ်​လာတဲ့ ဒီမယုံစရာအ​ခြေအ​နေကို ပြန်​သုံးသပ်​ဖို့အချိန်​ ​အ​တော်​ယူလိုက်​ရတယ်​။

ကျ​နော့်​အိမ်​ထဲကို သူတို့သုံး​ယောက်​ အတင်းဝင်​လာကြတယ်​၊ ပြီး​တော့ ရင်းနှီးတဲ့လူလိုမျိုး အတင်းလာ​ရောပြီး သူတို့ညီ​လေးကို ခဏကြည့်​ထားပါဆိုပြီး ဒီအတိုင်းထွက်​သွားကြတယ်​။

ညီ​လေးဆို​တော့ က​လေးက​ရော...​ရောက်​ထဲကထိုင်​ပြီး ဂိမ်း​ဆော့​နေတာ လူကိုအဖက်​​တောင်​မလုပ်​။

မဖြစ်​​တော့ဘူး တစ်​ခုခု​တော့လုပ်​ရမယ်​။

''ဟို ညီ​လေး ...''

တစ်​ချက်​မှ​တောင်​လှည့်​မကြည့်​။ဒါက တကယ်​ကိုရိုင်းတဲ့အပြုအမူပဲ...။

ကျ​နော်​တကယ်​ဆို သူ့ကိုထ ရိုက်​လိုက်​ချင်​​ပေမဲ့ မနည်းကို သည်းခံထားရတယ်​။ကျ​နော့်​ညီ​လေးသာဆို တကယ်​ကိုပိတ်​ရိုက်​ပစ်​ဦးမယ်​...။

စိတ်​တိုဖို့​ကောင်းလိုက်​တာ.......။

''​ဟေ့ ဒီမှာ မင်းကို​ခေါ်​နေတာ ''

ပုခုံးကိုခပ်​ဆတ်​ဆတ်​ဆွဲပြီး ​ပြောခါမှ ပြူး​ကြောင်​​ကြောင်​မျက်​နှာ​လေးနဲ့ ​မော့ကြည့်​လာတဲ့သူ...။အမှန်​တိုင်းဝန်​ခံရမယ်​ဆိုရင်​ ကျ​နော်​ဒီလို​ကောင်​​လေးမျိုးကို ကျ​နော့်​ညီ ဖြစ်​​စေချင်​တယ်​။ချစ်​စရာ​ကောင်းတဲ့မျက်​နှာ​လေးနဲ့။

''ကျ​နော့်​နာမည်​​ပြောပြီး​ပြီ​လေ ခင်​များကမမှတ်​မိဘူးလား...''

''အမ်​ အဲ့တာက​လေ''

သူကပဲ​ဟောက်​​နေ​သေးတယ်။စိတ်​ရှိတိုင်း ​ပြောမထွက်​တဲ့ကိုယ့်​ပါးစပ်​ကိုရိုက်​ပစ်​ချင်​တယ်​။

''ကဲပါ ဟွမ်​မင်း​ညော ရှီ ကျ​နော်​တို့စကား​ပြောကြတာ​ပေါ့...''

Hate Me If You Dare!Where stories live. Discover now