လမ်းမထက်မှာ တစ်ယောက်ထဲ ကြောင်တောင်တောင်လမ်းလျှောက်နေတဲ့ မင်ညောကိုမြင်မိတဲ့သူတိုင်း အရူးလို့ထင်ကြမှာပဲ။ ပြုံးတာလို မဲ့တာလို ခန့်မှန်းလို့မရတဲ့ ခံစားချက်တွေစုပြုံနေတဲ့ (ဘစိုင်းလိုမျက်နှာ)နဲ့။
အခုချိန် မင်းဘာခံစားနေရလဲလို့ မေးလာရင်လည်း သူမဖြေတတ်။ သေချာတာတစ်ခုကတော့ သူ့ရင်တွေပေါက်ထွက်မတတ် ခုန်နေတာပါပဲ...။
''အာာားးး! ''
ပါးနှစ်ဖက်ကိုလက်နဲ့အုပ်ပြီး အသားကုန်အော်လိုက်မိတော့ လမ်းမပေါ်က လူတွေမျက်လုံးတွေကိုယ့်ပေါ်စုပြုံရောက်လာမှ လမ်းပေါ်မှာပဲ ရှိနေသေးတာကို သတိရလာသည်။ ဘယ်လိုတွေတောင် စိတ်လွတ်နေတာလဲ။
ထူးဆန်းသလိုကြည့်နေကြတဲ့ လူတွေကို သွားဖြဲပြပြီး မာရသွန်သမားလို မနားတမ်းပြေးရတော့သည်။
''ဒီသောက်ကလေးလေး ငါ့ကိုရူးအောင်လုပ်တယ်''
အိမ်ပြန်ရောက်တော့ ချွေးတွေကတစ်ကိုယ်လုံးနစ်နေတာ ရေချိုးထားသလိုပင်။ ဟိုကလေးမျက်ခွက်ကို ပြေးမြင်မိတော့ မောနေတာတွေတောင် ပျောက်သွားသလို။
''ဘယ်ဂျင်ယောင်း တကယ်ကိုပဲ...''
သူကတော့ ပြောချင်ရာပြောပြီး ထွက်သွားလိုက်တာ။ ဒီကကောင်ကြီး ဘာဖြစ်ကျန်နေခဲ့လဲဆိုတာတောင် တစ်စက်မှလှည့်မကြည့်သွားဘူး။ ထိန်းချုပ်ထားခဲ့တဲ့ ကိုယ့်ရဲ့ခံစားချက်တွေလည်း အခုတော့လျှံထွက်ကုန်ပြီထင်ပါရဲ့။
သူကလည်း ငါ့ကိုသဘောကျနေတာပဲလား... တွေးရင်း ပြုံးစိစိနဲ့ မျက်နှာပိုးကလည်းသတ်မရဘူး။ ဟိုကလေးများတွေ့သွားရင် ငါ့ကိုငပေါကြီးလို့ထင်နေဦးမယ်။
ရေချိုးခန်းထဲက မှန်မှာလည်း ဘယ်ဂျင်ယောင်း...မီးဖိုးချောင်ထဲက ပစ္စည်းတွေကလည်း ဘယ်ဂျင်ယောင်း၊ ဖုန်စုပ်စက်ကထွက်လာတဲ့ အသံတွေကတောင် ဘယ်ဂျင်ယောင်းလို့ ကြားနေရသလို။ အရင်နေ့တွေက ဘာမှမဖြစ်ပဲ ဒီနေ့မှစိတ်ရူးပေါက်နေတဲ့ ကိုယ့်ကိုယ်ကိုတောင်အံသြမိတယ်။
YOU ARE READING
Hate Me If You Dare!
FanfictionWanna One<3 HwangDeep is love. Hwang Minhyun I wanna kiss you... Bae Jin Young*