''ဘယ်ဂျင်ညောင်း က တကယ်ကိုကလေးပဲ ''
ကျနော့် ခေါင်းကို အသာအယာပုတ်ရင်း...
''ဘယ်ဂျင်ညောင်းက ချစ်စရာလေးပဲ ''
ပြောရုံတင်မကပဲ အနားတိုးလာတဲ့သူ့ကို တွန်းထုတ်ပစ်လိုက်ချင်တယ်။ ကျနော့်ကိုပြုံးကြည့်နေတာကိုလည်း မကြိုက်ဘူး။ ကျနော့်ကို ချစ်ဖို့ကောင်းတယ်ပြောတာလည်း သဘောမကျဘူး။ ဒါပေမဲ့ သူ့ကိုတော့ဘယ်သူကမှ ရပ်တန့်မပေးနိုင်တော့ဘူး ထင်တယ်။
ဒီအခြေအနေကနေ ရုန်းထွက်လိုက်ချင်တယ်...။
ကျနော့်ကို အဲ့လိုစိုက်မကြည့်ပါနဲ့...။ ကျနော့်မျက်နှာကို အဲ့လိုတရှိုက်မက်မက်ကြီး နမ်းနေတာကိုမကြိုက်ဘူး။
''!!!!!! မကြိုက်ဘူး အဲ့လိုမလုပ်နဲ့ ...!!!!!! ''
*...............
.................
....................
..................*''ဂျင်ယောင်းက ရန်ဖြစ်တတ်တယ်လား ''
''ဖြစ်တာမှ ရန်မဖြစ်ရရင်ကို မနေနိုင်တဲ့ကောင်''
ကလေးမျက်နှာနဲ့ ထိုကလေးလေးက ရန်ဖြစ်တတ်တယ်ဆိုတာကို သူ့အကိုရင်းက ပြောတာသာမဟုတ်ရင် ကျနော်ယုံမိမှာမဟုတ်ဘူး။
ဒီနေ့ခေတ် ကလေးတွေကတော်တော်ဆိုးကြတာပဲ။
အခုလည်း အကိုတွေအလုပ်လုပ်နေတာတောင် ဝိုင်းမကူပဲ အိပ်သွားတယ်။ ငပျင်းလေး...။
ဒါကလည်း သူ့အကိုတွေကို တူတာနေမှာပါလေ။
တကယ်ဆိုရင် ဥုံဆောင်ဝူးဆိုတဲ့တစ်ယောက်ကရော အေပရွန်ကြီးဝတ်ပြီး စကားထိုင်များနေတာပဲ။
ဂင်ဂျယ်ဝမ်ကိုတော့ ပြောမနေနဲ့တော့...။
ကိုယ်ရှင်းထားလို့ အိမ်နဲ့တူနေတဲ့နေရာလေးဖြစ်သွားတာကို။
ဝက်သိုက်နဲ့တူတဲ့နေရာမှာ ဘယ်လိုတောင်နေနိုင်ကြတယ်မသိဘူး။
YOU ARE READING
Hate Me If You Dare!
FanfictionWanna One<3 HwangDeep is love. Hwang Minhyun I wanna kiss you... Bae Jin Young*