တီ...တီ...တီ.... !Alamမြည်သံကြားလို့ အိပ်မှုန်စုံဝါးနဲ့ထကြည့်တော့ မနက်လေးနာရီ။ တစ်ခြားနေ့တွေဆိုစောင်ပုံထဲပြန်တိုးမိလောက်ပေနဲ့ ဒီနေ့ကတော့ ထူးခြားတဲ့နေ့မို့ အိပ်ချင်တဲ့စိတ်ကိုနှင်ထုတ်ပြီး ကုန်းရုန်းထရတော့သည်။
ညကလည်း တော်တော်နဲ့အိပ်မပျော်တာကြောင့် ဘာမှတောင်မအိပ်လိုက်ရသလိုပဲ !!!
ဟိုဘက်အခန်းက ကာလနဂါးလေးကတော့ ထသေးမှာမဟုတ်ဘူး။ ဒီနေ့ ဒိတ်လုပ်မှာကို...။
အိပ်ရာသိမ်းပြီး အခန်းထဲကထွက်လာတော့ ထမင်းစားခန်းမှာ ငူငူကြီးထိုင်နေတဲ့ စောင်ခလိန်း။ မျက်စိများအမြင်မှားသလားဆိုပြီး လက်နဲ့ပွတ်ကြည့်ရသေးတယ်။
''ဂျင်ယောင်း ဘာလုပ်နေတာလဲ ''
ကျနော့်အသံကြားမှ လှည့်လာတော့ သူ့မျက်လုံးတွေက တစ်ညလုံးမအိပ်ထားတဲ့သူလို ညိုမဲလို့...။ မဟုတ်မှလွဲရော ဒီကလေး အခုထိမအိပ်ရသေးတာလား။ ရင်...ခုန်...နေလို့...များလား...။
''ဘာလို့... မအိပ်တာလဲ ''
''ဒီတိုင်း...''
ပြောရင်းဆိုရင်း စားပွဲပေါ်ကိုသူ့ကိုယ်လေးက ပစ်လဲကျသွားရင်း။
''ဟင် ဂျင်ယောင်း ဂျင်ယောင်း...''
''အိပ်မက်...ထဲမှာ...ဟိုဘက်က...သရဲတွေ့...''
ဗလုံးဗထွေးနဲ့ ပြောပြီးချက်ချင်းအိပ်ပျော်သွားတဲ့ ကောင်လေးကိုပွေ့ပြီး အခန်းထဲပဲပို့ရမလား နှိုးပဲနှိုးလိုက်ရမလား မဝေခွဲတတ်တော့ဘူး။ သြော်...ဒီကလေးနဲ့တော့။
______________________________________
တရုတ်ပြည် 🌟 XD
''ချစ်ရေ ...အချစ်ခလေး အောမိန်းလေးရေ...''
အိပ်ရာထဲမှာ စောင်ထဲတစ်ကိုယ်လုံးဝင်ပြီး မျက်နှာလေးတောင် ဖော်ပေါ်မရပဲ အားရပါးရအိပ်နေတဲ့ ဝက်ကောင်... အဲလေ ချစ်သူလေးကို နူးညံ့ငြင်သာစွာနှိုးပေမဲ့ ဟိုကတုတ်တုတ်တောင်မလှုပ်။ စောင်ကိုဆွဲချတော့လည်း ပြန်ဆွဲပြီး မပီမသသံတွေနဲ့ ဘာတွေပြန်ပြောမှန်းမသိ။
YOU ARE READING
Hate Me If You Dare!
FanfictionWanna One<3 HwangDeep is love. Hwang Minhyun I wanna kiss you... Bae Jin Young*