PART-03

207 26 0
                                    


''ဘယ်​ ဂျင်​ ​ယောင်း ''

အသံခပ်​ကျယ်​ကျယ်​နဲ့ တစ်​ခွန်းပဲနှုတ်​ဆတ်​ပြီး ထိုင်​ခုံရှိရာဝင်​လာ​သော သူ့ကိုတစ်​ခန်း​လုံးက ကြည့်​​နေသည်​ကိုပင်​ ဂရုမစိုက်​။

ထို​ကောင်​​လေးက ထိုင်​စရာခုံအလွတ်​ကိုပဲရှာ​နေသည်​။

သူ ကျ​နော့်​အနားမှာ ထိုင်​ပါ​စေလို့ပင်​ ခပ်​တိုးတိုးဆု​တောင်းမိသည်​။ကျေးဇူးပြုပြီး နှစ်​စမှာ သူငယ်​ချင်းတစ်​​ယောက်​​တော့ ရ ပါ​စေ။

ကံ​ကောင်းစွာနဲ့ပင်​ ထိုခပ်​​ချော​ချော​ကောင်​​လေးက ကျ​နော့်​​ဘေးတွင်​ဝင်​ လာထိုင်​ခဲ့သည်​။သို့​သော်​ သူငယ်​ချင်း ဖြစ်​ဖို့​ဝေးစွ။စကား​တောင်​ မ​ပြောရဲ​လောက်​​အောင်​ သူ့မျက်​နှာက တင်းမာလွန်းလှသည်​။သူက မာဖီးယားဂိုဏ်း​ခေါင်း​ဆောင်​နဲ့​တောင်​ တူ​နေ​သေးသည်​။

ကျ​နော်​ သူ့ကို စပြီးနှုတ်​ဆတ်​သင့်​သလား။ ဒါ​ပေမဲ့ သူပြန်​ပြီးနှုတ်​ဆက်​ပါ့မလား ။ကျ​နော်​ တကယ်​ပဲသူနဲ့ သူငယ်​ချင်း ဖြစ်​ချင်​တယ်​။

''အာ​ညော်​ ငါက ဘယ်​ဂျင်​​ယောင်း ''

အမ်​ ငါ့ရဲ့​ရေခဲတုံး ​လေးကစ နှုတ်​ဆတ်​တာပဲ...။ကျ​နော်​ အ​တောက်​ပဆုံးအပြုံးတစ်​ခုပြုံးရင်း...

''လီ ဒယ်​ ဟွီ ''

*________________________________*

အခန်းတစ်​ခုတွင်းမှာ​တော့ တိတ်​ဆိတ်​လို့...။ အမှိုက်​ပုံ​ဘေးမှာ သုံး​ယောက်​စုထိုင်​​နေကြပြီး ငြိမ်​သက်​​နေတာက တရားထိုင်​​နေသည့်​အလား။

အခန်းထဲကို ဝင်​လာရင်း အမှိုက်​ပုံ​ကြီးကို ​တွေ့လိုက်​ရထဲက မ​နေနိုင်​မထိုင်​​ဒေါသက ခပ်​​ရေး​ရေးထွက်​လာ​သေးတယ်​။ ဒီ​ကောင်​​တွေဘယ်​လို​နေ ​နေကြတာလဲ...။

ကျ​နော်​နဲ့ ဘာမှမဆိုင်​​ပေမဲ့ ကျ​နော်​စိတ်​တိုနေမိတယ်​ တကယ်​ပဲ။ဒီ​လောက်​ရှုပ်​ပွ​နေတဲ့ အခန်းမှာဘယ်​လို ​နေနိုင်​ကြတာလဲ သူတို့။

''မင်​​ညောရှီ ​ဒေါသထွက်​​နေတာလား ''

အတန်​ကြာငြိမ်​သက်​​နေရင်းမှ ထွက်​လာတဲ့ ဥုံသူငယ်​ချင်းရဲ့ စကားသံအချို့နဲ့အတူ ....။

Hate Me If You Dare!Where stories live. Discover now