"ဒိန်းးး"
ဒါကျိန်စာသင့်နေတဲ့အရပ်ပဲ ...
တစ်ယောက်ယောက်ကနားထဲကိုခပ်တိုးတိုးပြောလိုက်သလိုပဲ။ ချမ်းစိမ့်စိမ့်ဖြစ်သောခံစားမှုကြောင့် အသိစိတ်တစ်ချို့ဝင်လာခဲ့သည်။
အမှောင်ထုကြောင့် ဘေးဘီဝဲယာမြင်နေရသော အရာဝတ္ထုတွေက ရုပ်လုံးမပီပြင်။
ကြမ်းပြင်မှာမှောက်ရက်လဲနေသောအနေအထားနဲ့သူမ မျက်လုံးတွေလေးလံစွာတဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ သူမရဲ့လက်တစ်ကမ်းစာလောက်မှာမြင်နေရသော သေတ္တာကြီးတစ်လုံးဟုထင်ရသောအရာကို ဝါးတားတားမြင်ရသည်။ သိချင်စိတ်တို့ဖြင့် လက်နဲ့စမ်းကြည့်ပြီးသေချာစူးစမ်းကြည့်လိုက်မိသည်။အေးစက်စက်အထိအတွေ့
အခေါင်းကြီးတစ်လုံး ...
ကြက်သေသေရင်းထိတ်လန့်တုန့်လှုပ်မှုကြောင့် သူမရဲ့သွေးတွေပင်အေးခဲတော့မယောင်။
နှလုံးတွေပေါက်ကွဲလုမတတ်အသံကုန်ခြစ်အော်လိုက်မိတော့သည်။ ထပြေးရန်ကြံစည်မိသော်လည်း"အားးးးးး"
ဂယောင်ခြောက်ခြားတဲ့လား ... ဒါအိပ်မက်ပဲ အိပ်မက်ဆိုးတစ်ခုသာဖြစ်ပါစေ မြန်မြန်နိုးထလိုက်စမ်း Uko ...
(Uko = ယူကိုဟုဖတ်ရန်)တဒိုင်းဒိုင်းခုန်ပေါက်နေတဲ့သူမရဲ့နှလုံးသွေးတွေထဲမှာစီးဆင်းနေသော ကြောက်စိတ်တို့အရှိန်မပြယ်သေး။
ငါဘယ်အရပ်ကိုရောက်နေတာလဲ ... ဒါဘယ်နေရာလဲ ...
မေးခွန်းတွေတန်းစီနေသော်လည်းဆက်စဉ်းစားရန် မလုံလောက်တော့သော ပင်ပန်းနေတဲ့ သူမရဲ့ဦးနှောက် ... ရင်ဘတ်ကိုအတင်းဖိထားရင်းထိတ်လန့်ခြင်းကိုအန်တုနေရသည်။ ပတ်ဝန်းကျင်မှာတော့အမှောင်ထုကကြီးစိုးလျက်။နေရာတိုင်းမှာမှိုင်းပျပျအလင်းရောင်မှုန်မှုန်လေး ကိုမြင်ရသလို တစ်ချိန်ပဲမှာပင်ပေါ်ပေါက်လာလိုက် ကွယ်ပျောက်သွားလိုက်နဲ့ ...
ဘယ်အရာကိုမှကြာရှည်မတွေးတောနိုင်တော့ဘဲ နောက်ဆုံးဂရုပြုမိသည်က သူမရင်ထဲမှ
တစ်ဟုန်ထိုးကြီးစိုးလာသော ကြောက်စိတ်ပင်။
BẠN ĐANG ĐỌC
NOUNS_(ကျိန်စာသင့်ဝင်္ကပါ) [Completed]
Siêu nhiênNOUNS (ကျိန်စာသင့်ဝင်္ကပါ) BTS × OC * ကျိန်စာသင့်မကောင်းဆိုးဝါး နယ်မြေထဲ ရောက်ရှိသွားသော သူမနှင့် ကျိန်စာသင့် ကျောင်းတော်ကြီးထဲက Bangtan * သားကောင်များ - Uko (reader), Jimin, Jungkook, Jin, Jhope. မိစ္ဆာများ - Suga, Taehyung, Namjoon. Horror fan-fic...