🎃 အပိုင်း - ၁၆ 🎃

1.8K 277 44
                                    

နှင်းတွေစိုစွတ်နေတဲ့ မနက်ခင်းဟာ အရမ်း သာယာလှပသည်။


စိမ်းလန်းသော သစ်ပင်တစ်ချို့နှင့် အေးမြသော လေပြေတစ်ချက်က သာယာသော မနက်ခင်းကို ထပ်ပြီး လန်းဆန်းစေသည်။

ပြီးပြည့်စုံသော သဘာဝရှူခင်းကို ဖန်တီးပေးသည်။

ထိုမြင်ကွင်းများကို ပြတင်းပေါက်ငယ်ကတစ်ဆင့် မြင်နေရ၏။ ကျွန်မ အိပ်ပျော်နေရာမှ လန့်နိုးလာတဲ့ အချိန်။ ညက မောမောဖြင့် အိပ်ပျော်သွားတာ ဖြစ်မည်။ ပြတင်းပေါက်က အလင်းရောင်မှာ ခါတိုင်း မနက်စောစောထက် လင်းထိန်နေသည်မို့ မိုးလင်းတာ နည်းနည်း ကြာလောက်ပြီထင်၏။ ဝါးခနဲသန်းပြီး ခေါင်းထဲကိုက်လာ၍ တကျွတ်ကျွတ်ညည်းရင်း ဘေးဘီကို ကြည့်လိုက်တော့ သတိထားမိတာ ကျွန်မ အနားမှာ ဘယ်သူမှမရှိ။

ထိုစဉ် မာကျောအေးစက်သော ကြမ်းပြင်တစ်ခုကို ခံစားမိပြီး လှဲနေရာမှ ထထိုင်မိသည်။
ကျွန်မရောက်နေတာ အိမ်သာအခန်းထဲမှာလား။ ပြတင်းပေါက်ကနေ သစ်ပင်တွေကို မြင်ရခြင်းအားဖြင့် ကြည့်ရတာ ပထမအထပ်လောက် ဖြစ်လိမ့်မည်။ ကျွန်မ ခေါင်းထဲ ငြီးစီစီဖြစ်နေပြီး အသိအာရုံတွေ ပြန်စုစည်းလိုက်သည်။ မသိစိတ်ထဲမှ ကြောက်ရွံ့ခြင်းနဲ့ ဝမ်းနည်းနာကျင်မှုကို စူးခနဲ ခံစားလိုက်ရပြီးနောက် ကျွန်မ တစ်စုံတစ်ခုအား ပြန်လည် မှတ်မိစပြုလာသည်။

ရုတ်တရက် ညက အဖြစ်အပျက်တွေကို တရေးရေး ပြန်သတိရလာမိသည်။ ထို့နောက် ကျွန်မ မျက်လုံးအစုံ ပြူးကျယ် ဝိုင်းစက်သွားပြီး အလန့်တကြား ထအော်မိတော့၏။

"Park Jimin ..."

"Park Jiminnnnnnn ..."

ကျွန်မရင်တွေ ဒိုင်းခနဲ ခုန်သွားရပြန်သည်။ Jimin ဘယ်ရောက်သွားပြီလဲ။

"ငါဒီမှာ ..."

အခန်းအပြင်ဘက်က အလန့်တကြား အသံနဲ့အတူ အမောတကော ပြေးလာသော Jimin ... ကျွန်မပုခုံးတွေကို လာဆုပ်ကိုင်ရင်း သူက

NOUNS_(ကျိန်စာသင့်ဝင်္ကပါ) [Completed]Donde viven las historias. Descúbrelo ahora