🎃 အပိုင်း - ၁၇ 🎃

1.9K 279 49
                                    

Taehyung's pov
~~~~~~~~~~~

...
...
...

သာယာလှပတဲ့ ကောင်းကင်ကြီးအောက်မှာ မိုးရနံ့ပါနေတဲ့ စိုစွတ်ပြီးလတ်ဆတ်တဲ့လေကို ခံစားနေရသည်။

"တောင် တောင် တောင်"

အတန်းဆင်း ခေါင်းလောင်းသံကြောင့် ခဏတစ်ဖြုတ်နားရန် ကျောင်းသားတွေ အခန်းအပြင် ထွက်သွားကြသည်။ ကျောင်းသားတွေ အများစုက အဖော်တွေနဲ့ သူငယ်ချင်းတွေနဲ့ ကန်တင်းသွားကြပေမယ့် ကျွန်တော်ကတော့ ထုံးစံအတိုင်း တစ်ယောက်ထဲပေါ့။

အခန်းပြင်ရောက်တော့ ကော်ရစ်တာ အစွန်ဘက် မလှမ်းမကမ်းမှာ Locker တွေ ရှေ့မှာရပ်ပြီး တစ်စုံတစ်ခုကို ဖွင့်ရှာနေတဲ့ Hoseok ကို လှမ်းတွေ့လိုက်ရ၏။ ဒီကောင် ထူးထူးခြားခြား လော့ကာတွေအနား သွားလေ့မရှိဘဲ ဘာတွေများ လုပ်နေတာလဲ သိချင်စိတ်ဖြင့် အမှတ်မရှိစွာ လှမ်းအော်ပြီး မေးလိုက်မိသည်။

"Hoseok ..."

ကျွန်တော့်အသံ ကြားတာနဲ့ Hoseok သည် အံ့ဩစရာကောင်းအောင် ဆတ်ခနဲ တွန့်သွားပြီး မျက်နှာကလည်း အလန့်တကြားပုံစံ ဖြစ်သွားတာကို တွေ့လိုက်ရသည်။

"ဟင် ... Taehyung"

"ဘာတွေရှာနေတာလဲ"

သူ့အနားတိုးလျှောက်သွားပြီး
မေးလိုက်တော့ ...

"မဟုတ်ဘူး ... ငါ ဟော့ဒါရှာနေတာလေ ... အဲ တွေ့သွားပြီ"

လက်ထဲမှာ စာအုပ်တစ်အုပ်ကို မြှောက်ပြပြီး  ရယ်ကျဲကျဲဖြင့် ပြောသည်။ စကားတွေကလည်း အထစ်ထစ် အအအနှင့်။ သူ့ပုံစံက တစ်ခုခုကို ထိတ်လန့်ပြီး မသက်မသာ ဖြစ်နေသလို။ ကျွန်တော် မေးလိုက်ချင်ပေမယ့်

"အော် ..."

တစ်ခွန်းသာပြောရင်း ကျွန်တော် အလိုက်တသိ Hoseok အရှေ့က ထွက်လာခဲ့သည်။

သူတို့ အခုထိ ကျွန်တော့်ကို အရူးတစ်ကောင်လို ဆက်ဆံနေကြတုန်းပဲ ...

Hoseok ရော Jungkook ရော ကျွန်တော့်ကို ရှောင်နေကြတာ ကြာပြီဖြစ်သည်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို သိချင်သော်လည်း သူတို့မရှိရင် မဖြစ်ဆိုတဲ့ ပုံစံပေါက်သွားမှ ပိုဆိုးသွားမည်ဖြစ်တာကြောင့် ရှိထားသင့်တဲ့မာနနဲ့ ကျွန်တော် မသိချင်ယောင်ဆောင်ပြီး မမေးဖြစ်ခဲ့ပါ။ သူတို့တောင် ကျွန်တော့်အပေါ် လုပ်ရက်ကြတာပဲ။

NOUNS_(ကျိန်စာသင့်ဝင်္ကပါ) [Completed]Donde viven las historias. Descúbrelo ahora