🎃 အပိုင်း - ၁၁ 🎃

2.1K 306 58
                                    

A/N

ဒီတစ်ပိုင်းမှာတော့ Uko pov မဟုတ်တော့ပဲ
No one pov နဲ့ရေးကြည့်ပါမယ် အဆင်မပြေတာရှိရင်ပြောကြပါနော် ✌

🎃🎃🎃

No one pov
~~~~~~~~

နာနာဘာဝ၊ မိစ္ဆာဆိုတဲ့လူမဟုတ်သည့်သတ္တဝါများ ကျင်လည်ကျက်စားရာအရပ်တွင်ချောင်ပိတ်မိနေသောသားကောင်တို့၏ဖြစ်ရပ်ကိုတွေးကြည့်ပါလျှင်ရင်နာဖို့ကောင်းလှသည်။ ထိုအထဲတွင် Uko ဆိုသောမိန်းကလေးသည်လည်း ကံကြမ္မာအကြောင်းတရားကြောင့်ဤလောကထဲကိုရောက်ရှိလာခဲ့ရသောသားကောင်တစ်ဦးပင်။

ကျိန်စာသင့်သားကောင်ဆိုသည့်အတိုင်း
ပျော်ရွှင်ခြင်းကိုတစ်စိုးတစ်စိမှမခံစားခဲ့ရ။ ထိတ်လန့်ခြင်းဟူသည့် ထောင်ချောက်ဝင်္ကပါတွင် သူမ၏ ခန္ဓာကိုယ်ရော စိတ်ဝိဉာဉ်ပါ ပိတ်မိနေဆဲ။
သူမအတွက်ဖန်ဆင်းထားသောသီးသန့်ကမ႓ာတစ်ခုလေလား။ ဤလောကကိုမရောက်ဖူးခင်က သူမသည်ဘယ်ဘဝကလာသလဲ၊ ဘယ်လိုနေထိုင်ခဲ့ရသလဲဆိုတာအစဖော်လို့မရဘဲ သူမရဲ့နာမည်တစ်ခုကိုသာမှတ်မိနေခဲ့သည်။ တကယ်ထူးဆန်းလွန်းသောအဖြစ်ပင်။

Uko စာသင်ရင်း အိမ်သာကအပြန်မှာ ခြိမ်းခြောက်ခံရသောအဖြစ်ကို ပြန်တွေးနေမိသည်။ Suga ဆိုသောမိစ္ဆာပြောတဲ့ 'သေပြီးသားလူများ' ဆိုသည့်စကား။ ဖြစ်နိုင်သည်။ အဓိပ္ပါယ်မရှိတဲ့ ကျိန်စာသင့်လောကသည် လူ့လောကတော့မဟုတ်နိုင်ပါ။ ထို့ကြောင့် Suga ပြောတာအမှန်ဖြစ်နိုင်သည်။
မိမိကိုယ်ကိုသေပြီးသားလူလို့တွေးလိုက်မိသောအခါနာကျင်ဝမ်းနည်းမှုဖြင့်မျက်ရည်မကျမိအောင်ထိန်းထားရုံမှတစ်ပါးဘာမှမတတ်နိုင်ခဲ့။ သို့ပေမယ့်သူမရဲ့ယုံကြည်မှုနဲ့မျှော်လင့်ချက်တို့ကတော့ သိသာလောက်အောင်လျော့မသွားခဲ့ပါ။

ငါဟာသေပြီးသားလူဖြစ်နေပါစေ
ရောက်ရှိနေတဲ့ဘဝမှာရှင်သန်အောင်နေရမယ်။

ထိုစကားကိုလက်ကိုင်ထားပြီးဆက်လျှောက်ရန်သာရှိ၏။ ဘဝဆိုတာ TV ဂိမ်းတစ်ခုမဟုတ်။ မနိုင်လို့ဆိုပြီးမဆော့ဘဲရှောင်ပြေးနေလို့မရ။ အသေမခံနိုင်ရင်ထိပ်တိုက်ရင်ဆိုင်မှရသည်ချည်း။

NOUNS_(ကျိန်စာသင့်ဝင်္ကပါ) [Completed]حيث تعيش القصص. اكتشف الآن