🎃 အပိုင်း - ၁၅ 🎃

1.8K 273 63
                                    

တောင်တောင်တောင် မြည်သောခေါင်းလောင်းသံ ထွက်လာပြီးသိပ်မကြာ ကျောင်းသားတစ်ချို့ သူ့အုပ်စုနဲ့သူ ဒရောသောပါး ပြေးထွက်လာကြသည်။ ထိုအုပ်စုများထဲတွင် ကျွန်မတို့လည်းပါသည်။

ထိုစဉ် ကျွန်မ ပြန်မြင်ယောင်လာ၏။ အခန်းထဲက မထွက်ခင်မြင်ခဲ့ရသော သားကောင်အသစ်ဖြစ်သူ Jin ဆိုတဲ့ကောင်လေး။ သူ့ကို ဟိုဖက်အခန်းက Namjoon နှင့် တတွဲတွဲတွေ့ရပြီး တစ်ဖွဲ့ထဲဖြစ်နေသည်။ မိစ္ဆာတွေနဲ့ပေါင်းမိတဲ့ သားကောင်ဟာ ဘယ်လောက်များ ကြာကြာ တောင့်ခံနိုင်မလဲ။ အခုအချိန်မှာ သူ့ကိုကယ်မယ် ဆိုရင်တောင် နောက်ကျနေလောက်ပြီ။ ဒါ့ကြောင့်လည်း ကျွန်မ ဝင်မစွက်ဖက်ချင်တော့။ မသိချင်ယောင်ဆောင်ပြီးသာ ထွက်လာခဲ့ရသည်လေ။

ထိုအချိန်မှာ အနောက်ကသရဲလိုက်သလို ကျွန်မတို့ အဆောင်ပျက်ဆီ အားကုန်ပြေးနေကြသည်။ တိကျသောအန္တရာယ်တစ်ခုက တစ်နာရီအတွင်း ကျိန်းသေမလွဲ တွေ့ကြုံရတော့မည်ဆိုတာ ကျွန်မတို့အားလုံး တပ်အပ်သိနေကြသည် မဟုတ်လား။

"ပြေးထားးးးး"

"မောတယ် ဟူးး... ​​ဟောဟဲ"

"နေအုန်း ရပ်လိုက်အုန်း"

အနောက်က Jimin ရဲ့ လှမ်းအော်သံကြောင့် ကျွန်မနဲ့ Hannah တုံ့ခနဲ ရပ်သွားကြသည်။

"ဘာဖြစ်လို့လဲ Jimin"

"ငါ ... ငါတို့ ... အဲ့ကိုသွားလို့ ဖြစ်ပါ့မလား"

"ဘာဖြစ်လို့လဲဟ"

"မနေ့ကအဆောင်ပျက်ထဲမှာ လူတွေအများကြီးပဲ ငါတို့ ဂူကိုပြန်ပြေးလာရတာ မှတ်မိတယ်မလား ... အခုလည်း အဲ့လိုဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

Jimin စကားကြောင့် ကျွန်မတို့အားလုံး စိတ်တွေလေးလံသွားကြသည်။

"နင်ကလဲ အခုထိပြေးလာပြီးမှပြောရလားဟဲ့"

"ငါမေ့နေလို့ပါ"

Jimin က အပြစ်ရှိသူလို ခေါင်းငုံ့ရင်းပြောတော့ ကျွန်မ ကျစ်ခနဲညည်းလိုက်ပြီး

NOUNS_(ကျိန်စာသင့်ဝင်္ကပါ) [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ