"မပြေးနဲ့ ... "
"အခုချက်ချင်းရပ်လိုက်စမ်း ငါပြောနေတယ် ... "
"ရပ်လိုက်စမ်း ... Uko ..."
အသံတွေထပ်ခြပ်မကွာ တက်သုတ်ရိုက်ပြေးနေတဲ့ ကျွန်မရဲ့ခြေလှမ်းတွေအနောက်ကလိုက်လာနေသည်။ ဟင့်အင်း ကျွန်မရပ်လို့မဖြစ်ဘူး ဆက်ပြေးမှဖြစ်မယ် ဆက်ပြေးထား ... Uko ...
"Uko ရပ်လိုက်လို့ငါပြောနေ ..."
"မရပ်ဘူး ... မလာနဲ့ မလာနဲ့"
ဒုတ် ... အင့်
ပြေးလွှားရင်း လမ်းမှာငုတ်တိုတစ်ခုခုကခံထားသလိုခံစားမိပြီးခလုတ်တိုက်ကာဘိုင်းခနဲလဲကျသွားခဲ့သည်။ သောက်အရေးထဲကျဉ်းထဲကျပ်ထဲမှခလုတ်တိုက်သွားရတဲ့အဖြစ်ကို ကျွန်မ မကျေနပ်စွာအပြစ်တင်ဆဲရေးမိသည်။ ထိုအခိုက်မှာချက်ချင်းဆိုသလိုမြန်ဆန်စွာ နီးကပ်လာတဲ့ခြေသံနဲ့အတူလူရိပ်တစ်ခုက ကျွန်မကိုယ်ပေါ် ကျရောက်လာလေသည်။
"ဟားဟားဟားးဟားး နောက်ဆုံးတော့လည်း မင်း ငါ့လက်ကမလွတ်ပါဘူးကွာ"
ရွံရှာစက်ဆုပ်ဖွယ်ရယ်သံတစ်ချို့ လရောင်အောက်မှာပျံ့လွင့်သွားသည်။ အလင်းရောင်ကိုကျောခိုင်းထား၍ ထိုလူရဲ့မျက်နှာကိုကောင်းစွာမမြင်ရ။ အေးစက်သောခပ်အက်အက်ရယ်သံကြီးအား ကျွန်မစိတ်ထဲမှာရင်းနှီးနေသလို။
"ကဲကွာ"
အသံနက်ကြီးနဲ့အတူထိုလူ့လက်က လေထဲကိုမြှောက်လိုက်တဲ့အခါမှာ
ပြောက်လက်သွားသောချွန်ထက်တဲ့အရာတစ်ခု။"အားးးးး"
...
...
...🎃🎃🎃
"အားးး မလုပ်နဲ့ မလုပ်နဲ့"
"ဘာဖြစ်လို့လဲ Uko ..."
ကျွန်မသွေးရူးသွေးတန်းဖြင့်အော်ဟစ်မိပြီးနောက်
အလန့်တကြားအသံဖြင့်
ကျွန်မကိုလှုပ်နိုးနေသော Hannah...။"Uko နင်ဘာမှမဖြစ်တော့ဘူး အိပ်မက်မက်နေတာပါ"
"ဟူးးးးး"
ဒါအိပ်မက်တစ်ခုတဲ့လား။ ကံကောင်းလို့။
အိပ်မက်ဆိုတဲ့အသိကြောင့် ကျွန်မသေမတတ်ပျော်သွားမိသည်။ ရင်ထဲတွင်တော့ပူလောင်ကာမောဟိုက်နေဆဲ။ နိုးလာတော့သိလိုက်တာကကျွန်မအတန်းထဲမှာ ခုံပေါ်မှောက်၍အိပ်ပျော်သွားခဲ့ခြင်း။
KAMU SEDANG MEMBACA
NOUNS_(ကျိန်စာသင့်ဝင်္ကပါ) [Completed]
ParanormalNOUNS (ကျိန်စာသင့်ဝင်္ကပါ) BTS × OC * ကျိန်စာသင့်မကောင်းဆိုးဝါး နယ်မြေထဲ ရောက်ရှိသွားသော သူမနှင့် ကျိန်စာသင့် ကျောင်းတော်ကြီးထဲက Bangtan * သားကောင်များ - Uko (reader), Jimin, Jungkook, Jin, Jhope. မိစ္ဆာများ - Suga, Taehyung, Namjoon. Horror fan-fic...