Episode-4,ရှုပ်​​ထွေးမှု

409 45 0
                                    

အခန်းထဲကိုဝင်သွားသော Taoနောက်ကျောကို ကြည့်နေမိရင်း Yifanမှင်သက်နေမိသည်။ သူ့အင်္ကျီကော်လံစကို Taoဆောင့်ဆွဲလိုက်ကတည်းက ဖြစ်ပေါ်နေတဲ့ ရင်ခုန်သံတွေကိုလည်း နားထဲမှာကြားနေရသေးသည်။

Chen-"Yifan..."

Chenက သူ့ပုခုံးကိုလာပုတ်တော့မှ သတိပြန်ဝင်လာတော့သည်။

Fan-"သွားရအောင်။ငါဒီနေ့အတန်းမတက်ချင်ဘူး။"

ဟု​ပြော၍ ထွက်​​သွား​တာ​ကြောင့်​-

Yeol-"ဘယ်​သွားမလို့လဲ?"

Xiu-"ငါတို့ကိုလည်း​စောင့်​အုံး​လေ။"

ဟု​အော်​​​ပြောရင်း Yifan​နောက်​​သို့​အ​ပြေးလိုက်​သွားရ​လေ​တော့သည်​။

ကျောင်းဘတ်​စကတ်​​ဘောကွင်းထဲတွင်​ Yifanတစ်​​ယောက်​ ဘတ်​စကတ်​​ဘောကိုသာအာရုံစိုက်​ ကစားမိ​နေသည်​မှာ ဘယ်​​လောက်​ကြာပြီမှန်းမသိ။ Xiuminတစ်​ဦးသာ ဘတ်​စကတ်​​ဘောကွင်းထဲရှိ​တော့သည်​။ သူကလည်း ကွင်း​ဘေးကထိုင်​ခုံမှာ ထိုင်​ပြီးဖုန်းနှိပ်​​နေ၍သာအချိန်​ကုန်​လို့ကုန်​မှန်းမသိတာဖြစ်​​လေသည်​။ထိုင်​​နေ​သောXiumin​၏ခြေ​ထောက်​တစ်​ဘက်​သို့ဦးတည်​၍ ​ဘောလုံးကိုအသာလှိမ့်​လိုက်​​လေ​တော့ သူ့​ခြေ​ထောက်​ကို​​ဘတ်​စကတ်​​ဘော ​ဘောလုံးလာထိတာ​ကြောင့်​ Yifanကို​မော့ကြည့်​လာ​လေသည်​။

Fan-"ဘယ်​နနာရီရှိပြီလဲ?"

Xiu-"​နေ့လည်​​ရောက်​​နေပြီ။မင်းကစားတာသုံးနာရီ​လောက်​​တောင်​ရှိ​နေပြီ။"

Yifanက ​Xiumin​ဘေးမှာချထားတဲ့​ရေဘူးကို လှမ်းယူလိုက်​ရင်း-

Fan-"ငါ​ဆော့တာ အဲ​လောက်​​တောင်​ကြာသွားတာလား?"

Xiu-"အင်း...ဟုတ်​တယ်​။မင်းဘာဖြစ်​​နေတာလဲ? ရှက်​သွားတာလား?"

Xiuminအမေးကြောင့်Yifanရယ်လိုက်မိသည်။

Fan-"ငါကဘာလို့ ရှက်ရမှာလဲ။အဲဒီအချိုးမပြေတဲ့ကလေးမကို ဘယ်လိုပညာပေးရမလဲတွေးနေတာ။"

ဟုပြော၍ရေဘူးဖုံးကိုဖွင့်ကာ ရေကိုမော့သောက်နေလိုက်လေသည်။သို့သော် စိတ်ကအခန့်မသင့်တာကြောင့် ရေသီးသွားလေတော့သည်။

"အဟွတ်အဟွတ်!!"

Xiu-"မင်းပုံကြည့်ရတာသိပ်ပြီး မူမမှန်သလိုပဲ။မနက်ကကိစ္စကြောင့် တစ်ခုခုဖြစ်နေတာလား?"

Yifanကရေဘူးအဖုံးကိုစိတ်ပျက်စွာပြန်ပိတ်လိုက်ပြီး-

Fan-"မင်းကလည်း အဲ့အကြောင်းပဲပြောနေတာပဲကွာ။ ပြန်တော့မယ်။"

Xiuminက ခုံကနေထ၍-

Xiu-"နေ့လည်ပိုင်းအတန်းရှိသေးတယ်လေ။မတက်တော့ဘူးလား?"

Fan-"မတက်တော့ဘူး။နောက်မှမင်းဆီကပြန်ကူးတော့မယ်။ မင်းပဲသွားတက်လိုက်တော့။"

Xiu-"အေးပါ..သွား သွား..."

အတွေးတွေလွင့်မြောရင်း လမ်းမဘေးမှာ Yifanလမ်းလျှောက်နေမိသည်။ အမှန်တော့ မနက်ကကိစ္စက သူ့ကိုတော်တော်လေးစိတ်ရှုပ်စေတာအမှန်ပါပဲ။ ပြန်စဉ်းစားလိုက်တိုင်း စိတ်ထဲမှာတုန်လှုပ်နေသလိုလို ဖြစ်လို့နေပါတယ်။ပြီးတော့အဲဒီကောင်မလေးရဲ့ မျက်ဝန်းတွေက..... တွေးလိုက်တိုင်းရူးသွားတော့မလို စိတ်ရှုပ်စေပါတယ်။သူဒီလောက်အထိ တစ်ခါမှမတုန်လှုပ်ခဲ့ဖူးပါဘူး။ပတ်ဝန်းကျင်ကို အာရုံလွှဲလိုက်ပြီး အတွေးတွေကိုဖျောက်ဖျက်ဖို့ ကြိုးစားလိုက်ပေမယ့် ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက သူ့အတွေးတွေကို ပယ်ဖျက်ဖယ်ရှားနိုင်စွမ်းမရှိခဲ့ပါဘူး။အဲလိုနဲ့သူ တစ်နေ့လုံးလျှောက်သွားနေပြီးတော့ ညဘက်မှအိမ်ကိုပြန်ရောက်လာပါတယ်။သူ့ကားကိုလည်း ကျောင်းမှာချန်ထားခဲ့ပါတယ်။ သူအိမ်ထဲကိုဝင်လာတော့ Suhoက ဧည့်ခန်းကဆိုဖာပေါ်မှာဖုန်းပြောနေပါတယ်။

Suho-"ဟုတ်လား...Yeolလေးက တော်လိုက်တာ။ ကျွန်မသားဆိုဘာမှသုံးမရဘူး။ ဆိုသွမ်းနေဖို့ပဲသိတာ။အခုထိ အိမ်ကိုပြန်မလာသေးဘူးလေ။သူကဘယ်တော့မှ ပထမရတာမဟုတ်ဘူး။စာလည်းမကျက်ပါဘူး။ Yeolလေးကိုလက်ဆောင်ပေးရအုံးမှာပေါ့... ဂုဏ်ပြုတဲ့အနေနဲ့။ဟုတ်ကဲ့ပါ..."

ဖုန်းကိုချလိုက်ပြီးတဲ့နောက်မှာတော့ တံခါးဝမှာရပ်နေတဲ့Yifanဘက်ကို လှည့်လိုက်ကာ-

Suho-"ဘယ်ကပြန်လာတာလဲ?ညနေက ကျောင်းစောင့်ကြီးက ကားကိုလာယူခိုင်းလို့ အိမ်တော်ထိန်းကိုသွားယူခိုင်းလိုက်ရတယ်။ဘာတွေလုပ်နေလို့ အဲလောက်စိတ်လွတ်နေတာလဲ?"

ဟု စဆူပါ​တော့သည်​။ Suhoပြောသမျှစကားတွေကို လျစ်လျူရှုပစ်လိုက်ကာ မိမိအိပ်ခန်းရှိရာ အပေါ်ထပ်သို့သာတက်လာလိုက်တော့သည်။

Suho-"အဲ့ကလေး ပြောစကားကိုဘယ်တော့မှ ဆုံးအောင်နားမထောင်ဘူး။အဲလိုဆိုးသွမ်းနေလို့ ညံ့ဖျင်းနေတာ။"

Suhoကတော့ ပွစိပွစိပြောကာ ကျန်ခဲ့လေတော့သည်။

💗💗💗💗💗💗💗💗💗💗💗💗💗💗💗

Thanks for reading....🙏🙏🙏

Stupid-LOVEDonde viven las historias. Descúbrelo ahora