Episode-3,Don't mess

466 45 0
                                    

DM Clubတွင်​-

DM club.....အရှည်ကောက်ကတော့ Dragon Monsterပေါ့...ဆိုလိုတာက Dragon Monster အဖွဲ့ကပိုင်တဲ့club...သူတို့နယ်မြေလို့ ဆိုလိုတာပါ။

လက်ထဲက ဝိုင်ခွက်ကို စက်ဝိုင်းပုံလှုပ်ရမ်းနေရင်း-

Chen-"တော်တော်ဆိုးတဲ့ကောင်မလေးပဲ။သူ့ကိုယ်သူ ဟုတ်လှပြီထင်နေတာဖြစ်မယ်။"

Fan-"ဒါပေမယ့် မကြာခင်အဲ့အတွေးတွေ ပျောက်သွားပြီး လိမ္မာသွားအောင် ငါပြုပြင်ပေးမှာပါ။တကယ့် ဘုရင်က ဘယ်သူလဲဆိုတာသူကောင်းကောင်းသိစေရမယ်။"

Yeol-"ဟုတ်မှလည်း လုပ်အုံး။သူ့ပုံကတော်တော် မလွယ်မယ့်ပုံ။"

Xiu-"မင်းကလည်း စတောင်မပြိုင်ရသေးဘူး။အရှုံးက ပေးချင်နေပြီ။သူ့လိုအားနွဲ့တဲ့ ကောင်မလေးတစ်ယောက်က ဘယ်လိုလုပ် Dragon Monsterကို ယှဉ်နိုင်မှာတုန်း။"

Fan-"ငါတစ်ယောက်ကိုပဲ ရအောင်ယှဉ်ပါစေအုံးကွာ။"

ခွက်ထဲက ဝိုင်တွေကိုကုန်အောင်သောက်လိုက်ပြီး-

Fan-"သူငါ့ကိုသေချာပေါက်ရှုံးမှာပဲ။"

ဟုအသေအချာတွက်ကာ ပြောလိုက်လေသည်။

နောက်တစ်နေ့Taoကျောင်းလာတော့ စာသင်ခန်းဝမှာ နံရံကိုမှီပြီးရပ်နေတဲ့ကျောင်းသားလေးယောက်ကို တွေ့ရလေသည်။သူတို့ထဲကတစ်ယောက်ကတော့ Yifanပေါ့။Taoကိုတွေ့တော့ Yifanက Taoဆီလမ်းလျှောက်လာပြီး-

Fan-"အခန်းထဲဝင်မလို့လား?"

ဟုပြော၍ Taoရှေ့မှာပိတ်ရပ်နေလေသည်။Taoက Yifanကို မကြည်တော့တာကြောင့်ကော ပြဿနာ မဖြစ်ချင်တာကြောင့်ကော ဘာမှပြန်မပြောဘဲ Yifanကိုရှောင်ဖို့ကြိုးစားလိုက်ပေမယ့် Yifanက လိုက်ပိတ်ရပ်နေပြန်ပါတယ်။Taoစိတ်မရှည်ချင်တော့။

Tao-"ရှေ့ကနေဖယ်။"

Yifanကိုတည့်တည့်ကြည့်ပြီးပြောလိုက်တော့-

Fan-"မဖယ်တော့ဘာလုပ်ချင်လဲ?ငါမေးတာကို ပြန်မဖြေဘူးလား?"

Tao-"ဖယ်လို့ပြောနေတယ်လေ!"

Taoစိတ်မရှည်စွာအော်လိုက်မိတော့ Chanyeolတို့ အပါအဝင်အကုန်လုံးက သူတို့နှစ်ယောက်ကိုလှည့်ကြည့်လာလေသည်။Yifanကတော့ ရှေ့ကနေပိတ်ထားမြဲ။

Stupid-LOVEHikayelerin yaşadığı yer. Şimdi keşfedin