Episode-7, Yes ILoveYou

383 33 10
                                    

Tao-"အင်း...ငါကအခုဆိုင်မှာကူနေတာမို့..."

ဆိုင်ဆိုတာကို တွေးမိလိုက်တော့....

Fan pov/ဆိုင်ဆိုတော့လူတွေအများကြီးရှိမှာပဲ။ မဖြစ်ဘူး။ဒီလိုပုံမျိုးနဲ့တော့ လူအများကြီးရှေ့အရှက်ကွဲမခံနိုင်ဘူး/

Fan-"ရပါတယ်။အဲဒါဆိုလည်း ငါ့ကားနားပဲပြန်ပို့ပေးလိုက်တော့။"

Tao-"အမ်...ခုဏကပြောတော့ မပါလာဘူးဆို?"

Fan-"ငါပြောမိလို့လား?"

Yifan၏ အမျိုးမျိုးအပြောကြောင့် Taoစိတ်တိုကာ-

Tao-"နင်ခုဏကပဲ ပြောလိုက်တယ်လေ!!!"

ဟု အော်ထည့်လိုက်ပြီး Yifanလက်ကို အတင်းဆွဲကာ ပုခုံးပေါ်ထမ်းလိုက်လေသည်။

Fan-"အား!!နာတယ်လေ။"

Tao-"နင့်ပါးစပ်ကိုပိတ်ထားလိုက်။"

Taoစိတ်တိုနေပြီဆိုတာကိုသိတာကြောင့် Yifanငြိမ်ပြီး လိုက်လာခဲ့ရသည်။

Tao-"ဘယ်မှာလဲ...နင့်ကားက!!"

Taoက ဆောင့်ကြီးအောင့်ကြီးမေးလာတော့-

Fan-"စာအုပ်ဆိုင်ရှေ့နားမှာ။"

Tao-"ပြီးတာပဲ။ပြဿနာကောင်။နင့်ကိုငါ တကယ်စိတ်ပျက်တယ်..."

Taoကတော့ တကယ့်ကိုစိတ်တိုလို့ ပြောနေတာဖြစ်သော်လည်း Yifanနားထဲမှာတော့ သိပ်ပြီးနားဝင်ချိုတဲ့ဂီတသံလေးလို ဖြစ်လို့နေသည်။ဩော်....အချစ်ဆိုတာဒီလိုပါပဲလား... အချစ်မှာရူးသွပ်မိသွားတော့.. သူ့ရဲ့အရာအားလုံးကသိပ်ပြီး လှပနေသလို ချစ်ဖို့လည်းကောင်းနေပြီလေ....

Yifanအတွေးတွေနဲ့ ကြည်နူးမိနေတာကြောင့် ကားနားကိုရောက်သွားတာတောင်သတိမထားမိလိုက်။Taoက Yifanလက်ကိုပုခုံးပေါ်ကနေဖယ်လိုက်ကာ-

Tao-"ရောက်ပြီ..."

Fan-"အင်...မြန်လိုက်တာနော်..."

Taoကစိတ်ပျက်လက်ပျက်နှင့် ခေါင်းကိုရမ်းလိုက်ပြီး-

Tao-"ရန်ဖြစ်တုန်းက နင်ခေါင်းများထိသွားတာလားWu Yifan..."

သူမ အပြစ်တင်ကာ ရစရာမရှိအောင်ပြောနေပါသော်လည်း ပြုံး၍ကြည့်နေသော Yifanကြောင့်သေချင်စိတ်ပင် ပေါက်သွားရလေသည်။

Stupid-LOVETempat cerita menjadi hidup. Temukan sekarang