Episode-6,Fail in love

412 42 1
                                    

ဒီနေ့ကတော့ အားလပ်ရက်တစ်ရက်ဖြစ်လေသည်။ Taoကတော့ ထုံးစံအတိုင်း ဆိုင်မှာကူညီပေးနေလေသည်။အဲဒီအချိန်မှာ-

Lu-"သမီးရေ...Martမှာ ဒီစာရင်းထဲကပစ္စည်းလေးတွေသွားဝယ်ပေးပါအုံး။ ဆိုင်ကလူအရမ်းကျနေလို့နော်...ဝန်ထမ်းတွေလည်း တစ်ယောက်မှမအားလို့။"

Taoက ကောင်တာမှာထိုင်နေရာကနေ ထလာပြီး Luhanလက်ထဲက စာရွက်လေးကိုယူလိုက်ကာ-

Tao-"ရပါတယ်။မြန်မြန်ပြန်လာခဲ့မယ်နော်။"

Lu-"အေးပါ။"

ဆိုင်ထဲကနေTaoအပြေးလေး ထွက်လာခဲ့လေသည်။
ထိုအချိန် Yifanလည်း စာအုပ်ဆိုင်တစ်ဆိုင်တွင် ရောက်ရှိနေလေသည်။ထိုစဉ် ဖုန်းမြည်လာလေသည်။

Fan-"Hello.."

တစ်ဘက်မှ-

"Wu Yifan"

Fan-"ဘယ်သူလဲ?"

"ငါ Jin Woo..မင်းမှတ်မိမယ်လို့တော့ထင်ပါတယ်။ ဘတ်စကတ်ဘောကစားတုန်းက ငါ့ကိုဘာလို့ ဘလိုင်းကြီးဝင်တိုက်သွားတာလဲ?"

Yifanမှတ်မိလိုက်ပါသည်။အမှန်တော့ အဲ့ကောင်က ဆောင့်ကြွားဆောင့်ကြွားလုပ်နေတာကြောင့် အမြင်ကပ်ကပ်နဲ့ တမင်သက်သက် ဝင်တိုက်ပစ်လိုက်ခြင်းဖြစ်ပါသည်။

Fan-"အဲဒီတော့ ဘာဖြစ်ချင်လဲ?"

Woo-"မင်းငါ့ကိုပြန်တောင်းပန်တာလိုချင်တယ်။"

Fan-"မတောင်းပန်နိုင်ဘူး။"

Woo-"မတောင်းပန်ဘူးလား..မင်းနောက်မှ နောင်တမရနဲ့နော်။"

Fan-"အဟက်...ရမနေဘူး။"

Woo-"မင်းစကားနဲ့မင်းပဲ။"

ဟုပြောကာ Jin Wooဖုန်းချသွားလေတော့သည်။ ဖုန်းscreenကိုကြည့်လိုက်ရင်း-

Fan-"ဟာသတွေလာပြောနေတယ်...တကယ်ပဲ။"

ဟု ရယ်သံနှောရင်းပြောလိုက်လေတော့သည်။
စာအုပ်ဆိုင်ထဲကလည်း Yifanထွက်လိုက်ရော-

Fan-"အု!"

အနောက်ကနေ လူသုံးယောက်က ရုတ်တရက် ပါးစပ်ကိုပိတ်ပြီး ဆွဲခေါ်သွားတော့သည်။လမ်းကြားတစ်နေရာကိုရောက်တော့မှ Yifanကို လွှတ်ပေးလိုက်လေသည်။

Stupid-LOVEDonde viven las historias. Descúbrelo ahora