Episode-14, Real Love Is

295 22 0
                                    

သူ့ပြဿနာကတော့ အဖြေရှာမရနိုင်သေး။ ထို့ကြောင့် ကျောင်းဆင်းသည်နှင့် တခြားသူများကို ဒုက္ခသွားပေးလေတော့သည်။

DM clubတွင်-

"ငါတို့ကိုဘာလို့ခေါ်တာလဲ?"

Xiuminက သဘောမကျသည့်လေသံဖြင့်ပြောလာတော့ Yifanက ပြန်ပြောသည်။

"ခေါ်လို့မရဘူးလား?"

"အဲလိုလည်းမဟုတ်ပါဘူး။ ဒီလိုလုပ်တတ်တာ မင်းပုံစံမှမဟုတ်တာ။"

Xiuminက ပြန်ပြောလာတော့ Chanyeolက ဝင်ထောက်ခံလေသည်။

"ဟုတ်တယ်။ ဘယ်လောက်အရေးကြီးတဲ့ကိစ္စမို့လို့ ငါတို့အကုန်လုံးကိုခေါ်ရတာတုန်း။ ငါတို့တွေမဆုံဖြစ်တာလည်းမဟုတ်ဘူး။ တွေ့တဲ့အချိန်မေးလို့ရတာပဲ။ ဒါမှမဟုတ် ဖုန်းဆက်လိုက်လည်းဖြစ်တာပဲကို။"

Yifanက ပြန်ပြောလာလေသည်။

"မင်းတို့အားလုံးဆီက အကြံဥာဏ်တောင်းမှ ဖြစ်မယ်ထင်လို့ပါ။"

ထိုစကားကိုကြားလိုက်ရသော် Chenထရယ်တော့သည်။

"မင်းက အကြံဥာဏ်လိုတယ်ဆိုတာ မကြားဖူးပါဘူးကွာ။ မင်းထူးဆန်းနေတာကြာပြီနော်။ ရူးကြောင်ကြောင်နဲ့။"

Chenစကားကို ကျန်နှစ်ယောက်ကလည်း ထောက်ခံလေသည်။

"ဟုတ်ပ။"

သို့သော် Yifanက ပြောစရာရှိတာကိုပဲ ဆက်ပြောလာလေသည်။

"Taoက ငါ့ကိုအထင်လွဲနေတာ။ သူက ငါ့ကိုပွေတယ်ရှုပ်တယ်ထင်နေတာ။ သူ့ကိုလိုက်နေတာကိုလည်း တကယ်ကြိုက်လို့မဟုတ်ဘဲ ကစားချင်လို့လို့ ထင်နေတယ်ကွာ။ ငါဘယ်လိုလုပ်ရမလဲ?"

Yifanစကားကိုကြားတော့ Chanyeolက ပြောလာလေသည်။

"နေပါအုံး။ မင်းဒါလေးတောင်မဖြေရှင်းတတ်တော့ဘူးလား? မင်းကိုကြည့်ရတာ မိန်းကလေးတွေနဲ့ လုံးဝမပတ်သတ်ဖူးတဲ့လူကျနေတာပဲ။ တခြားမိန်းကလေးနဲ့ကျတော့ ဘယ်မိန်းကလေးက ဘယ်လိုဖြစ်နေရင် ဘယ်လိုဖြေရှင်းရမလဲ အကြံဥာဏ်ကတန်းထွက်ပြီးသား။ Taoနဲ့ကျမှ ဘယ်လိုဖြစ်နေတာတုန်း။"

"မတူဘူးလေကွာ။ အဲဒါတွေကျတော့ ငါက အကြံဥာဏ်ပဲပေးလိုက်တာလေ... အာ... ငါမသိတော့ဘူးကွာ။ သူနဲ့ကျမှ ငါလည်း အရူးလိုဖြစ်နေပြီ။"

Stupid-LOVETempat cerita menjadi hidup. Temukan sekarang