Ep - 5 ( When .. )

536 78 2
                                    

အိမ်​မက်​ထဲမှာ မင်းအနားငါအမြဲရှိ​နေမိတယ်​..
ဖြူ စင်​တဲ့မင်းအပြုံး​တွေ ...
က​လေးဆန်​တဲ့ ရယ်​သံ​လေး​တွေ..
ငါဘာလုပ်​လုပ်​ လက်​ခုပ်​​တွေ​တောင်​တီး
သ​ဘော​တွေကျပြီး ရယ်​​နေတတ်​တဲ့
မင်းရဲ့ အပြု အမူ​လေး​တွေ ....
မြတ်​နိုးမိပါတယ်​...မြတ်​နိုးဆဲပါပဲ မင်းအပြုံး​တွေကို

ဘာမှမရှိတဲ့ မျက်​နှာကြက်​ကိုပဲ ​တွေ​ဝေပြီး
ငေးကြည့်​​နေမိသည်​...
အရာရာအားလုံး ဖြစ်​ပျက်​သွားသမျှ​တွေက
မြန်​ဆန်​လွန်းလှသည်​ပင်​ ....

ဟူး ......

စိတ်​​ပြေလက်​​ပျောက်​ လမ်းထိပ်​​လေး
လမ်း​လျှောက်​ထွက်​ဦးမည်​ဟု ​တွေးကာ
ကုတ်​လေး ထပ်ဝတ်​ပြီး ​တွေ​ဝေ​နေရာမှ
ထလာခဲ့သည်​ ... တမနက်​လုံး
အ​တွေး​တွေ နယ်​ချဲ့ရင်းသာ .....

ပတ်​၀န်းကျင်​နဲ့လည်း အဆက်​သွယ်
ဖြတ်​ထားသလို ခံစားမိသည်​ ..
ဒီရပ်​ကွက်​ထဲက လူ​တွေနဲ့ တဦးတ​ယောက်​နဲ့မှ
ကျွန်​​တော်​မသိ . ... မသိချင်​တာလည်းပါမည်​..

တခါတ​လေကျ​တော့လည်း
သီးသန့်​​နေချင်​တဲ့စိတ်​က အထီးကျန်​ခြင်းကိုပင်
ဖော်​​ဆောင်​ပြန်​သည်​ ...

ကျောင်းတက်​ချိန်​မို့ က​လေး​တွေကိုယ်​စီ
မိဘလက်​ကိုဆွဲကာ သွားလာ​နေကြသည်​..
အေးချမ်းလိုက်​တဲ့ မြင်​ကွင်း​လေး​တွေလို
က​လေး​တွေရဲ့ အပြုံးအရယ်​​လေး​တွေ​ကြောင့်
ကိုယ်​ပင်​ အ​ပျော်​ကူးစက်​မိသွားသည်​ ...

တွေးခဲ့ဖူးတာ​ပေါ့
Park Chanyeol ဆိုတဲ့သူနဲ့
အတူလက်​တွဲပြီး လမ်းမထက်​မှာ
ပြုံး​ပျော်​နိုင်​တဲ့ အခိုက်​အတန့်​​လေး ...
နွေး​ထွေးတဲ့လက်​တစုံနဲ့
အမြဲ ​ချမ်း​အေးမှု​တွေကို ကာကွယ်​​ပေးတတ်​တဲ့
သူ့ရဲ့ ကြင်​နာမှု​တွေကို တမ်းတမိတာ​ပေါ့ ...
ဒါ​ပေမယ့်​ ကံကြမ္မာက ဘယ်​အရာမှ
ကျွန်​​တော့်​အတွက်​ မျက်​နှာသာမ​ပေးခဲ့ပါ ...

နားကားကားနဲ့က​လေး​လေး​တွေ
မြင်​တိုင်း သူငယ်​ငယ်​တုန်းက ရုပ်​​လေးဆိုပြီး
စိတ်​ထဲမှာ​ပြောမိ​နေသည်​အထိ
အမြဲ တမ်းတ​နေခဲ့မိသည်​...

Fool For You Where stories live. Discover now