မြင်လိုက်ပါတယ်...
Hyun မျက်ဝန်းလေးတွေက အရင်လို
စူးရှရှနဲ့ ပြတ်သားနေတုန်း ...
နှုတ်ခမ်းပါးလေးတွေကလည်း
အရင်လိုပဲ ပန်းသွေးရောင်သန်းနေသည်...Hyun...ခဏ...
ခဏလေး...ခဏ...
ခေါ်နေပေမဲ့ Hyun က လူအုပ်ကြားထဲ
ပျောက်ကွယ်သွားသည် ...
ခေါ်နေသည်ကို သူမကြားခဲ့...
စိတ်သာရှိရင် အော်ပြီးသာငိုမိချင်သည် ...ကံကြမ္မာရယ်...တော်လေပြီလေ...
ဘယ်ချိန်ထိ ဒဏ်ခတ်ထားဦးမှာလဲ.....______________ ________________
" Kyung Soo ... "
" အေးပြော ... "
" မင်းဘဲကြီးနေတဲ့လိပ်စာပြောပြပါလား...
နောက်ပြီးသူတို့ဘာလုပ်တာလဲ...ငါ့ကိုပြောပြပါလား..
Hyun က သူတို့နဲ့တူတူပဲဆိုတော့ ... "Kyung Soo သက်ပြင်းချမိသည်...
တကယ်တော့သူလည်း Jong In ဘာအလုပ်လုပ်လည်း
မသိပါ.. သူနေကြသည့် တိုက်ခန်းကိုတော့
ခဏခဏခေါ်သွားတတ်သည်...တခါတလေ
Baekhyun နဲ့ Sehun တို့လာကြတာလည်း
သူကြုံဖူး၍ Chanyeol ကိုပြောပြခြင်းသာ..." ငါလည်းမသိဘူး..Jong In က တခါမှ
မပြောပြဖူးဘူး ... "" ဟမ်... မင်းမသိဘူးလား ..."
Kyung Soo ခေါင်းလေးပုသွားသည်...
တကယ်မသိပေမဲ့ သူလည်းပြန်တွေးကြည့်မိတော့
ကိုယ့်ကိုကိုယ်ပင်စိတ်မကောင်း....
ကိုယ့်ချစ်သူက ဘာလုပ်လဲ ဘယ်လိုလူလဲဆိုတာ
မသိ..." ချစ်နေရင်ပြီးတာပဲ...ဘာလိုသေးလို့လဲ..
သူဘယ်လိုလူပဲဖြစ်နေ ဖြစ်နေ ငါကချစ်နေမှာပဲ ""အေးပေါ့ကွာ...ငါတို့ကချစ်နေမိတော့လည်း.....
သူတို့ဘာပဲဖြစ်နေဖြစ်နေ ချစ်နေမှာပဲ ... ဟားဟား... "ရယ်မောမိကြသည်...တကယ်တော့
နှစ်ယောက်လုံး ကိုယ်စီကိုယ်စီ ရင်ထဲမှာတော့
မေးခွန်းလေးတွေနဲ့ အ စိုင်ခဲလေးတွေ
ဖြစ်မိသွားသည်ပင်...
________________ __________________
YOU ARE READING
Fool For You
FanfictionChan × Baek (Yaoi Fiction ) Love Is Just The Way You Make Me Fool .. Baby