Ep: 10 ( You .... )

541 72 4
                                    

ဒီထက်​ ပိုပြီးဆက်​​ရှောင်​​နေမိရင်
ကျွန်​​တော်​သူ့ကိုဆုံးရှုံးရလိမ့်​မယ်​...
သူ့ကို အနားနားမှာ ရှိ​စေချင်​တယ်​...
ကျွန်​​တော်​​ကြောင့်​လည်း သူ့ကိုဒုက္ခမ​ရောက်​​စေချင်​ဘူး
သူ့အနားမှာလည်း ကပ်​ပါးတ​ယောက်​လို အမြဲ
ဒုက္ခ​တွေမ​ပေးချင်​မိဘူး ...
ဒါမဲ့ ကျွန်​​တော်​ သူမရှိပဲ အသက်​မရှင်​နိုင်​ဘူး ...
ကျွန်​​တော်​ ...သူ့ကို ချစ်​​နေဆဲပဲ ....

" Chanyeol ya... "

ရပ်​တန့်​မိသည်​ ...
နောက်​​ကျောမှ ​လေ​ပြေး​အေး​လေးတခု
တိုက်​ခတ်​သွားရင်း ရင်​ထဲက ​အေးစက်​သွား​သော
ခံစားချက်​​လေးတခုလိုဖြစ်​မိသွားသည်​ ...

ဟုတ်​ပါတယ်​...သူ ...ကျွန်​​တော်​ချစ်​ရတဲ့
Baekhyun ဆိုတဲ့ အ​ချေ​လေး ...
အရင်​တိုင်းပဲ မျက်​နှာ​လေးပိန်​ကျသွားတာကလွဲရင်
ကျန်​တာအကုန်​အရင်​တိုင်းပဲ
လူကြီးစတိုင်​လ်​အမြဲဖမ်းပြီး ​နေတတ်​တဲ့သူက
ခု Hoodie အကြီးကြီးဝတ်​ပြီး လူ​ကောင်​​လေး
ပျောက်​​နေတာ တကယ်​​ကို က​လေး​ပေါက်​စ​လေးလို ...

မကြည့်​ပါနဲ့လား အဲ့လိုအကြည့်​​တွေနဲ့ ..
တောင်းပန်​​နေသလို မျက်​၀န်း​တွေနဲ့ မကြည့်​ပါနဲ့လား ..

ကျွန်​​တော်​​ခြေလှမ်း​တွေ ​လေးလံ​နေရာမှ
ဆယ်​လှမ်းအကွာ​လောက်​က​နေ ရပ်​ပြီး လှမ်း​ခေါ်လိုက်​တဲ့
သူ့ဆီကို စက္ကန့်​မျှပင်​မကြာ​အောင်​တန်း​ပြေးပြီး ဖက်​မိသည်​ ...

နွေး​ထွေးဆဲပဲ ...သူရင်​ခွင်​ကျယ်​ကြီးထဲ
ပြေးဝင်​ခိုချင်​ခဲ့တဲ့ အချိန်​​တွေ ရှိခဲ့​ပေမဲ့
ရင်​ဆိုင်​ဖို့ သတ္တိ​တွေ မရှိခဲ့ဘူး ...
Chanyeol ya.....

" Chanyeol .. "

"ဘာ​တွေ ​လျှောက်​လုပ်​​နေတာလဲ ..ဟမ်​..
ဘာလို့ကိုယ့်​ချစ်​သူကို ပြစ်​ထားတာလဲ ..
တစ်​​ယောက်​တည်း ရှင်​သန်​​နေရတာ
ဘယ်​​လောက်​ ပင်​ပန်း​နေလဲသိလား ..
ဘယ်​သူမှနားမလည်​​ပေးကြဘူး...
ဟမ်​... ဘာလို့လဲ ... "

က​လေးဆိုးကြီးတ​ယောက်​လို Baekhyun ကို
ဖက်​ပြီး ငိုသံကြီးနဲ့​ပြော​နေ​သော Chanyeol ​ကြောင့်
Baekhyun တကယ်​ပင်​ မျက်​ရည်​​တွေကျလာမိသည်​..
သူလည်းအဲ့လိုမဖြစ်​ချင်​ခဲ့ပါ ... ဒါ​ပေမယ့်​...

Fool For You Where stories live. Discover now