လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ ...
ဒီအော်ပရေတာမ ကိုအနားနီးလျှင်ဆွဲသာရိုက်မိတော့မည်
ခေါ်နေတာအကြိမ်တထောင်မက ကို
မအားသေးပါရှင် ပဲပြောနေသည်မှာ
စိတ်တိုစရာပင်..ဖုန်းတလုံးကိုင်ပြီး ဒေါသတွေထိုင်ထွက်နေတဲ့
Chanyeol ကြောင့် Kyung Soo လန့်သွားသည်"ဟေ့ရောင် ဘာဖြစ် ... "
" ငါမနေ့က Hyun နဲ့တွေ့ခဲ့တယ်... "
"ဟမ်...တကယ် ? "
" အင်း ဟုတ်တယ်.. သူပြောင်းလဲသွားသလိုပဲ
ဘာပြောင်းလဲသွားတာလဲဆိုတာတော့ ငါလည်းမသိဘူး "" ဟမ်..ဘယ်လို.."
Chanyeol ပြောနေသော စကားများကို
Kyung Soo တလုံးမှနားမလည်ပါ ..." သူကြည့်ရတာ ပင်ပန်းနေသလိုပဲ..
မျက်ဝန်းတွေကအမြဲနွမ်းနေသလိုပဲ..
အရင်လိုအပြုံးတွေ မရှိတော့သလိုပဲ ... "Chanyeol ပြောနေသည်ကို ရင်ထဲကစာနာသည်မို့
တလုံးမှစကားဝင်မထောက်တဲ့ Kyung Soo ...." ငါ့ကို သူမချစ်တော့သလိုပဲ ... "
Kyung Soo နားလည်ပါသည်
တနေ့တနေ့ သူ့ကိုအမြဲမေးနေတတ်တဲ့
Chanyeol ကိုကြည့်ရုံနဲ့တင် Baekhyun ကို
ဘယ်လောက်ချစ်လဲ သူသိပါသည်..." ဘယ်မှာတွေ့ခဲ့တာလဲ ... "
Kyung Soo စကားလမ်းကြောင်းလွှဲလိုက်သည်
အတွေးမှားတွေကိုဆက်ပြောပြီး Chanyeol ခံစား
နေရမည်ကို သူငယ်ချင်းတယောက်အနေနဲ့ မမြင်ရက်သည်မို့..."ရုပ်ရှင်ရုံမှာ.. "
စကားတိုတိုပင်ပြန်ဖြေသော Chanyeol ...
" သူမင်းကိုတွေ့တော့ဘာပြောလဲ ..."
" ဘာမှမပြောဘူး ငါပဲပြောနေခဲ့မိတာ ... "
Chanyeol စိတ်တွေ မြေကြီးထဲထိပင်
ရောက်နေသည်မှာသေချာသည် ..
နံရံကို အရိုးမရှိတော့သော သူတယောက်လိုမှီရင်းသာ...
YOU ARE READING
Fool For You
FanfictionChan × Baek (Yaoi Fiction ) Love Is Just The Way You Make Me Fool .. Baby