EP : 14 ( Can't ...)

767 57 13
                                    

နာရီကြည့်​လိုက်​​တော့ ​လေးနာရီပင်​ ထိုး​ချေပြီ...
ဘေးနားက သူ့ရဲ့ က​လေး​က​တော့
အိပ်​​မောကျစွာ အိပ်​​ဆေး အရှိန်​​ကြောင့်
အိပ်​​ပျော်​​နေ​သေးသည်​မို့ အပြုံးတခုက
ရှက်​​ပြေး​လေး​ပြေးမိသွားသည်​..
သူတို့ခုလို တ​နေရာတည်း တူတူ
မအိပ်​စက်​ရတာ ဘယ်​​လောက်​​တောင်​ကြာ​နေပြီလဲ...

မနက်​စာ ​ကျောင်းမသွားခိုင်း​ခင်​​လေး
တခုခုစားရရန်​ ​နောက်​​ဖေးသို့
တ​ယောက်​တည်း အသာ​လေး ၀င်​လာခဲ့သည်​..

အရင်​လိုပဲ ​ပေါင်​မုန့်​ယိုသုတ်​ ​လေးနဲ့
ကော်​ဖီ ခါးခါး​လေးပဲ​သောက်​တတ်​သည်​လား..
ကျောင်းစာ​တွေနဲ့ပင်​ပန်းပြီး မနက်​တိုင်း
ထမင်းစားရမှ အားပြည့်​​တာလား..
အချိန်​ကာလ တခု ကွဲကွာထားရခြင်းမို့
သူ Chanyeol ရဲ့ အကြိုက်​နဲ့သ​ဘောကို
ကောက်​​ကြောင်းမလိုက်​နိုင်​​တော့သည်​မို့
ရင်​ထဲ​တော့ ​အေးစက်​စွာခံစားလို်​က်​ရသည်​..

'' ဟူး... ပင်​ပန်းလိုက်​တာ ''

ခလွမ်း.....~

ကော်​ဖီခွက်​ က အား​လျော့သွား​သော
တချက်​မှာ လက်​​ပေါ်မှာ ​ကမ္ဘာ​မြေဆွဲငင်​အားကို
အံမတုနိုင်​ပဲ ကျယ်​​လောင်​စွာနဲ့ ပြုတ်​ကျသွားသည်​..
မနိုး​စေချင်​လို့ ​ခြေသံတိုးနဲ့ပင်
နောက်​​ဖေးဝင်​​နေသည်​ကို
ခွက်​ကွဲသံက တအိမ်​လုံးကို
လှုပ်​ခတ်​သွားသ​ယောင်​ပင်​...

'' Hyun ...''

'' ဘာမှမဖြစ်​ဘူး ''

'' ဖယ်​ ..ကျွန်​​တော်​..''

'' ဘာမှမဖြစ်​ဘူး ..ရတယ်​ ..အာ့ ...''

ဒီက​လေး က​တော့ တကယ်
စိတ်​ရှုပ်​​အောင်​လုပ်​​နေပြန်​သည်​..
ရပါသည်​ ဟု​ပြော​နေသည်​ကိုပင်
ဝင်​ပြီး လုသိမ်း​နေပြန်​ပြီ...

''ကျစ်​.. ရှမှာဆိုပြီး ဖယ်​​နေတာကို
ဘာလို့ အတင်းသိမ်းချင်​​နေတာလဲ..
ဘာမှမလုပ်​တတ်​ပဲ ဘာလို့အကုန်​လုံးကို
လုပ်​တတ်​တယ်​ ​နေနိုင်​တယ်​ ​နေတတ်​တယ်​ဆိုတဲ့
ဆိုတဲ့သ​ဘော​တွေ စွတ်​ လုပ်​ စွတ်​​ပြော​နေတာလဲ..''

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Dec 07, 2018 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Fool For You Où les histoires vivent. Découvrez maintenant