EP : 12 ( Just ... )

519 52 6
                                    

နေ​ရောင်​ခြည်​ စူးစူးက မျက်​နှာ​ပေါ် စူးရှစွာ
ကျလာသည်​မို့ ကျွန်​​တော်​နိုးထလာမိသည်​ ....
ကျိန်းစက်​​နေ​သော မျက်​၀န်းတစုံကို အားယူကာ
ဖွင့်​ကြည့်​မိလိုက်​​တော့ ကျွန်​​တော့်​အခန်းမဟုတ်​...

" ဘယ်​သူလဲ ... "

ရုတ်​တရက်​ မြည်​လာ​သော တံခါး​ခေါက်​သံ​ကြောင့်
သိမ့်​ခနဲပင်​ တုန်​တက်​မိသွားသည်​ ....
ပြတင်း​ပေါက်​အပြင်​ကိုကြည့်​မိ​တော့
ပတ်​၀န်းကျင်​ က မနက်​မိုးလင်းမို့လားမသိ
လူအတိရှင်းလင်းစွာ ...
တိုက်​ခန်းအမြင့်​က ​လေးလွှာ​လောက်​မှာ
ကျွန်​​တော်​​ရောက်​​နေခြင်းဖြစ်​မည်​...

ကျွီ.....

" အိပ်​ယာထ​နေပြီး ဘာလို့ မျက်​နာမသစ်​တာလဲ ... "

ရုပ်​တည်​ကြီး ၀င်​လာပြီး​ငေါက်​​နေ​သော သူမှာ
Chanyeol ပင်​ မျက်​လုံးများ ၀ိုင်းစက်​သွားသည်​ ...

" Hyun... "

" ဘာလို့လဲ ... ငါ​ချောလို့လား..
ငါ​ချောတာငါသိတယ်​..."

ဘီရိုကို ဖွင့်​ပြီး အ၀တ်​​ရွေး​နေရင်း
မျက်​နှာမကြည့်​ဘဲ Chanyeol ကို
စကား​ပြော​နေ​သော Baekhyun ...

" Hyun ... "

Chanyeol ဘာမှပြန်​မ​ပြောမိပါ...
သာယာငြင်​သာစွာနဲ့သာ Baekhyun ကို
ခေါ်​နေမိသည်​​လေ..ခုသူ့ရင်​ထဲမှာ
ဘာဖြစ်​​နေလဲဟု​မေးလျှင်​ သူ​ဖြေစရာအ​ဖြေမရှိပါ...

" မနက်​စာ ဘာစားတတ်​လဲ .. "

" ..... ..... "

" ငါ​တော့ ​ကော်ဖီနဲ့ မုန့်​စားထားတယ်​ ... "

" ...... ..... "

" မင်းမှာ ပါးစပ်​မပါဘူးလား ... "

Baekhyun လည်း သူ​မေးသမျှကို
ပြန်​မ​ဖြေ​သော Chanyeol ကို
စိတ်​တိုလာပြီမို့ အ၀တ်​​ရွေး​နေရာမှာ
အိပ်​ယာ​ပေါ်က Chanyeol ကို
လှည့်​ကြည့်​လိုက်​သည်​ ...

သူမြင်​လိုက်​ရသည်​က ..
မျက်​ရည်​၀ဲတဲတဲ မျက်​၀န်း​တစုံနဲ့
သူ့ကိုမျက်​​တောင်​မခတ်​ပဲ ကြည့်​​နေ​သော
Chanyeol ...

" Yeol ... ဘာလို့ငို​နေတာလဲ ... "

" ... Hyun ... "

" မငိုနဲ့​​လေ... ငါမကြိုက်​ဘူး ... "

Fool For You Where stories live. Discover now