Baekhyun...

953 94 0
                                    

🌜Baekhyun…🌛
    🌜အပိုင်း-3🌛

ဂျစ်တစ်တစ်နဲ့ မခိုးမခန့်ပြန်ဖြေပုံကြောင့်
ကျွန်တော်ခေါင်းမော့ကာ ပြုံးမိတယ်။

ရုပ်ကလေးက နုသလောက် အစွယ်လေးက မသေးဘူးပဲ။

မျက်လုံးထဲမှာထင်ဟပ်နေတဲ့ ကျွန်တော့်ကိုမကြည်ဖြူ မှုတွေကို
အတိုင်းသားမြင်နေရပေမဲ့ ကျွန်တော်ဂရုမစိုက်။

ဆုတ်ကိုင်ထားတဲ့ လက်နုနုလေးတွေကိုသာ အားထည့်ဆုတ်ကိုင်ရင်း သူ့မျက်နှာချောချောလေးအား
အသေအချာပင် စိုက်ကြည့်နေလိုက်သည်။

စောစောက ဟိုးအဝေးက ကျွန်တော်ငေးကြည့်နေမိတဲ့
သူ့မျက်နှာလေးက တော်တော်လေးချောတာပဲ။

မိန်းကလေးသာဆို ဝိုင်းဝိုင်းကိုလည်နေမှာ အမှန်ပဲ။

bh:;ကျွန်တော့်လက်ကိုလွှတ်

pcy:;ငါမင်းနဲ့ခင်ချင်တယ်ရလား

bh:;မရဘူး ကျွန်တော်ဘယ်သူကိုမှ မခင်တတ်ဘူး
အထူးသဖြင့် ခင်ဗျားတို့လို လူစားတွေကို ပိုမခင်တတ်ဘူး

အေးစက်စက်ပြောပြီး အိမ်ထဲဝင်သွားတဲ့Baekhyunကြောင့် ကျွန်တော်ခပ်မဲ့မဲ့ပြုံးမိတယ်။

မာနခဲလေးပါလား Baekhyun…

Park Chanyeolကလည်း အဲ့ဒါမျိုးမှကြိုက်တာ။

သူဆုတ်ကိုင်ထားတဲ့ လက်တွေကြားမှ ရုန်းထွက်ကာ
ကျွန်တော်အိမ်ထဲဝင်လာခဲ့လိုက်သည်။

မှိန်ပြပြမီးရောင်သာရှိနေတဲ့ ကျွန်တော့်စာကြည့်စားပွဲလေး၌
ထိုင်လိုက်ရင်း သူဆုတ်ကိုင်ထားလို့ နီရဲနေတဲ့ လက်ကလေးကို
ငုံ့ကြည့်မိရင်း ဖျက်ခနဲ ပေါ်လာတာ သူ့မျက်နှာ။

ဓာတ်ပုံထဲမှာ မြင်ခဲ့ဖူးတဲ့ သူ့မျက်နှာက အပြင်မှာလည်း အတော်လေးတော့ ကြည့်ကောင်းသည်။

ဒါပေမဲ့ ပိုင်စိုးပိုင်နင်းကြည့်တတ်တဲ့ သူ့အကြည့်တွေကို ကျွန်တော်မကြိုက်ဘူး။

မနက်ခင်းရဲ့Breakfastဝိုင်းလေးမှာ ကျွန်တော်ထိုင်လိုက်သည်နှင့်
ဒယ်ဒီက ပြာပြာသလဲ။

kris:;သား ဘယ်တုန်းက ပြန်ရောက်တာလဲ

pcy:;ညကဒယ်ဒီ

Baekhyun...Where stories live. Discover now