🐇အပိုင်း-၁၅🐇
မျက်နှာပြင်ထက်ခပ်စူးစူးဖြာကျလာသည့် နေရောင်တို့ကြောင့် လက်ဝါးအားမျက်နှာပေါ် ဖြန့်ကာကာ မျက်နှာကိုမဲ့ပစ်လိုက်သည်။
ပူနွေးတဲ့ခံစားမှုက ကိုယ်ပေါ်ကျရောက်လို့လာတာမို့ စောင်ခေါင်းမြီးခြုံကာ ပြန်ကွေးမယ် ပြင်လိုက်ပေမဲ့ ထူးဆန်းစွာပင် နေရောင်ဟာ ကျနော့်ကိုယ်ပေါ် မသက်ရောက်တော့။
မျက်နှာအားမဲ့ကာ မျက်ဝန်းတို့အား ဖွင့်ကြည့်လိုက်တော့ နေရောင်ဦးတည်လာရာ လမ်းကြောင်းအား ပိတ်ဆို့တားဆီးကာ မတ်မတ်ရပ်နေတဲ့သူ။
တောင့်တင်းတဲ့ခန္ဓာကိုယ်အချိုးအဆစ်နဲ့ မြင့်မားတဲ့အရပ်အမောင်းက ကျနော့်ကိုယ်ပေါ် နေရောင်မသက်အောင် ကာကွယ်နိုင်သည်။
pcy - နိုးပြီလားBaekhyun!
bbh - အင်း ဟိုနေရောင်ကြောင့် နိုးလာတာ
ဟိုးပြတင်းဘောင်ပေါ် အာရုံပြောင်းဖြာကျနေတဲ့ နေရောင်နွေးနွေးအား လက်ညှိုးထိုးကာ ကျနော်ပြောတော့ Park Chanyeolရယ်သည်။
ကုတင်ပေါ်ခပ်စွန်းစွန်း တစောင်းဝင်ထိုင်လိုက်သည့် သူ့ပေါင်ပေါ် ခေါင်းလေးပြောင်းတင်လိုက်ပြီး မျက်ဝန်းအစုံအား မှိတ်ချလိုက်သည်နှင့်တပြိုင်နက် ကျနော့်ဆံစတွေ ပွစကြဲကျနေသည့်ကြားက ဟိုမလုံဒီမလုံ နှဖူးသားလေးတွေပေါ် အလည်ရောက်လာသည့် အနမ်းနုနု။
စောင်လေးအားခပ်တင်းတင်းဆုတ်ကိုင်ကာ ကျနော်ပြုံးမိတယ်။
pcy - sorry
bbh - ဘာကိုလဲ
pcy - ကိုယ်ချစ်တဲ့မင်းအပေါ် နေရောင်ဖြာမကျအောင် မကာကွယ်ပေးနိုင်လို့လေ
bbh - ဒါဆိုခင်ဗျားမှားတယ်
pcy - ဘာလို့
bbh - ခင်ဗျားရောက်လာလို့ ကျနော့်ကိုယ်ပေါ် နေမထိုးတော့ဘူးလေChanyeollie!
pcy - ဟုတ်လား
bbh - ဟုတ်တယ်
pcy - Sehun
bbh - Sehun Hyungဘာဖြစ်လို့လဲ
pcy - ဟင့်အင်း ဘာမှမဟုတ်တော့ဘူး
![](https://img.wattpad.com/cover/135799577-288-k310253.jpg)