🐝အပိုင်း-၁၄🐝
တရွေ့ရွေ့ကုန်နေတဲ့အချိန်တို့အား စောင့်ဆိုင်းရင်း ကျနော်ချစ်သောBaekhyunရဲ့ အလိုအတိုင်း သူနဲ့မတွေ့စေရန် ဆေးရုံမှာသာ ကျနော်အနေများသည်။
လွမ်းလားဆိုတော့ ပြောပြလို့မတက်အောင် သေအောင်လွမ်းတာပေါ့!
ဒါပေမဲ့ ဒါဟာချစ်ရသူရဲ့ဆန္ဒပေမို့ ကျနော်မငြင်းဆန်ရက်ပါ။
hun - Chanyeol!
ခေါ်သံနှင့်အတူ အခန်းထဲလှမ်းဝင်လာတဲ့Sehun!
ခွင့်တွေရက်ရှည်ယူထားပြီး မျက်တွင်းတွေချောင်နေတဲ့ Sehun ညဘက်တွေများ မအိပ်ပဲနေလျော့သလား!
pcy - Sehunမင်းနေကောင်းရဲ့လား
hun - ကောင်းပါတယ်!
pcy - မင်းမျက်တွင်းတွေကျနေတယ်
hun - ညဘက်အိပ်မပျော်တာများလို့ပါ
pcy - Sehun
hun - ငါနားလည်ပါတယ်! Congratulation Chanyeol!
လက်ကမ်းပေးကာ ဂုဏ်ပြုစကားဆိုနေတဲ့ သူငယ်ချင်းကို အားနာမိသလို ကျေလည်းကျေနပ်မိသည်။
hun - ဒီနေ့Baekhyunစာမေးပွဲနောက်ဆုံးရက် မဟုတ်လား
pcy - omm
hun - သွားမကြိုဘူးလား
pcy - သွားမှာ နည်းနည်းစောနေသေးလားလို့
hun - ကြိုသွားလေ! သူစောင့်နေရရင် မင်းကိုစိတ်ဆိုးလိမ့်မယ်
Sehunပြောတာလည်းဟုတ်သည်။
နဂိုကတည်းကမှ အရစ်လုံးက ကြံဖန်ရစ်ချင်နေတာ မှားကွက်သာ တွေ့သွားရင် ဂျပန်မူလီထက်ဆိုးနိုင်သည်။
pcy - ဒါဆို ငါသွားတော့မယ် Sehun! ငါ့ခွင့်ရက်တွေအတွင်း မင်းအစားဆင်းပေးပါအုန်း! တောင်းဆိုပါတယ်
hun - ရပါတယ် ! သူငယ်ချင်းတွေပဲ!
Sehunပခုံးအားပုတ်ကာ Duty Coatကိုချွတ်ပြီး ကားပါကင်ဆီသို့ အလျင်အမြန်လှမ်းလိုက်သည်။
Baekhyunကျောင်းရှေ့ ကားလေးရပ်ရင်း ချစ်သူကိုစောင့်ရတာ အဲ့လောက်ရင်ခုန်ဖို့ကောင်းတာလား?