r💥Baekhyun…💥
💥အပိုင်း-5💥ခွမ်းဆိုတဲ့အသံကြောင့် စကားပြောနေရာမှ
ကျွန်တော်လှည့်ကြည့်လိုက်မိတယ်။ပွစကြဲနေတဲ့ ပစ္စည်းပစ္စယျာတွေကြား ခွေခွေလေးလဲနေတဲ့
Baekhyunကြောင့် သွားထူရန် ထဖို့ပြင်လိုက်ပေမဲ့ ကျွန်တော့်ထက်လျင်မြန်လွန်းတဲ့ Sehunကအနားတောင် ရောက်နှင့်နေပြီ။မသိမသာပင် ပြန်ထိုင်လိုက်ပြီး အခြေအနေကိုသာ
စိတ်မဝင်စားဟန်ပြုကာ နားစွင့်နေလိုက်တော့သည်။SH:;Baekhyun အဆင်ပြေရဲ့လား
BH:;Nae
SH:;တစ်နေရာရာများ ထိသွားသေးလား
BH:;ဒူးနဲနဲပွန်းသွားတာပါHyung!
SH:;ပြစမ်း
ကျွန်တော်သိပ်မြတ်နိုးတဲ့ Baekhyunရဲ့နို့နှစ်ရောင်
အသားအရည်အား ပထမဆုံးကိုင်ခွင့်ရတဲ့ Sehunကို
ဘာရယ်မဟုတ် ကျွန်တော်မနာလိုဖြစ်မိပြန်ပြီ။မျက်နှာလွှဲထားပေမဲ့ ရင်ထဲမှာတော့ တဆစ်ဆစ်။
ကျွန်တော်ဘာကိုတွေဝေခဲ့လို့ Baekhyunနား
Sehunထက်အရင်မရောက်ခဲ့ရတာလဲ??BH:;ရပါတယ်Hyung
SH:;သွေးတွေထွက်နေတာပဲ ဒါနဲ့များBaekhyunရယ် ပန်းကန်တွေသိမ်းနေရလား?
BH:;ရပါတယ် ကျွန်တော်အဆင်ပြေတယ်
SH:;ဘာရပါတယ်လဲ နေဦး Hyungဆေးထည့်ပေးမယ် ဟေ့ကောင် Chanyeol!
CY:;ဘာလဲ?
ထူးပုံက လေသံအနည်းငယ်မာသွားလောက်သည်။
စိတ်တိုနေတာကိုး။
SH:;မင်းအသံကြီးကလည်းကွာ ကဗျာမဆန်လိုက်တာ
CY:;ကဗျာဆန်အောင်ပဲ မင်းကိုငါကပြောပေးရမှာလား
SH:;တော်ပြီ မင်းနဲ့ရန်မဖြစ်တော့ဘူး ဆေးသေတ္တာဘယ်မှာလဲ
CY:;ဘာလုပ်ဖို့လဲ
SH:;Baekhyunခြေထောက်ကို ဆေးထည့်ပေးမလို့လေ
CY:;ဘာဖြစ်လို့လဲ
တမင်တကာပင် မသိချင်ယောင်ဆောင်မေးကာ
ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး မယောင်မလည်နဲ့ Baekhyunနားကပ်လိုက်သည်။
