🐶Baekhyun…🐶
🐶အပိုင်း-4🐶Baekhyun…
ချစ်စရာကောင်းတဲ့နာမည်လေးနဲ့ လိုက်အောင်
အလွန်ချစ်ဖို့ကောင်းတဲ့ ထိုကလေးလေးပုံစံက
ကျွန်တော့်မျက်လုံးထဲကမထွက်။တစ်အိမ်ထဲအတူနေပေမဲ့ တစ်ပတ်နေလို့ တစ်ခေါက်တောင်
Baekhyunမျက်နှာကို မြင်ရဖို့ကမလွယ်။ကျွန်တော်စာသင်ရင် ကျောင်းထွက်မယ်တကဲကဲ
လုပ်နေတဲ့ Baekhyunရဲ့ဇွတ်ကျမှုကြောင့် ကျွန်တော့်မှာအလျှော့ပေးကာ စာလည်းသွားမသင်ဖြစ်တော့။ဒယ်ဒီပိုင်တဲ့ ဆေးရုံမှာသာ အမှုထမ်းဆောင်ရင်း ပြန်လာတိုင်းBaekhyunလေးကို တွေ့လိုတွေ့ငြား
ကြည့်မိပေမဲ့ အရိပ်ကလေးတောင် မမြင်ရ။Baekhyunအရိပ်ကလေးကိုမှ တွယ်တာမိခဲ့တဲ့
ကျွန်တော့်အဖို့ အရိပ်လေးတောင် မမြင်ရခြင်းက
ဆိုးရွားစွာ ဒဏ်ခတ်မှုပင်။Sundayပိတ်ရက်မို့ မွေ့ယာပေါ်ဝမ်းလျားမှောက်ရင်း
မကြီးမငယ်နဲ့ ကျွန်တော့်Baekhyunအကြောင်း Noteလေးရေးမိတယ်။တစ်နေ့နေ့ တစ်ချိန်ချိန်မှာ Baekhyunကိုပြဖို့ ရည်ရွယ်ရင်းပေါ့………။
Knock>>Knock>>
pcy:;ဘယ်သူလဲ?
su:;အန်တီပါသား
pcy:;ဝင်ခဲ့လေ
su:;မဝင်တော့ဘူးသား အောက်မှာသားသူငယ်ချင်းတွေ ရောက်နေတယ်လို့ အန်တီလာပြောပေးတာ
pcy:;ကျွန်တော်ဆင်းလာခဲ့မယ်အန်တီ
မရှေးမနှောင်းစကားနှင့်အတူ လန်ပျံတက်နေတဲ့
အကျီင်္တို့အား ဆွဲချကာ အောက်ကိုပြေးဆင်းလာတော့
သကောင့်သားတွေ တစ်ကောင်မှမတွေ့။pcy:;အန်တီ ကျွန်တော့်သူငယ်ချင်းတွေရော
su:;ခြံထဲကခုံမှာသား အန်တီBaekhyunကို အအေးလာပို့ခိုင်းလိုက်မယ်
Baekhyun? ဒါဆို သူဒီနေ့အိမ်မှာရှိတယ်ပေါ့
pcy:;ကောင်းတယ်အန်တီ
ပျော်သွားတဲ့စိတ်နဲ့အတူ Laptopအားကိုင်ပြီး
့ခြံထဲသို့ ကျွန်တော်ဆင်းလာခဲ့လိုက်သည်။