💧အပိုင်း-1💧
နွေဦးရွက်ကြွေတွေ ပြန့်ကျဲလျက်ရှိနေတဲ့ လမ်းမတွေအားဖြတ်နင်းကျော်ဖြတ်လာတဲ့
စက်ဘီးလေးတစ်စီး။ခြေထောက်တွေရဲ့လှုပ်ရှားမှုနှင့်အတူ လေအဟုန်ရဲ့တိုးဝှေ့ကျီဆယ်မှုကြောင့် ဇီးနှစ်ရောင် သူဆံနွယ်ပျော့အိအိတွေလေမှာ လွန့်လူးလျက်။
ဖြူ ဖွေးနုဖက်နေတဲ့ အသားအရည်က နေရောင်အောက်မှာ
နှစ်ဆတိုးကာ တောက်ပနေတဲ့သူ့ကို ကောင်မလေးများက ကွက်ကြည့်ကွက်ကြည့်။ချမ်းသာကြွယ်ဝမှုမရှိတဲ့ သူ့အတွက် လောကကြီးက
ချောမောလှပခြင်းတွေကို ပိုင်ဆိုင်ခွင့်ပြုထားသည်လေ။ချစ်စဖွယ် မျက်ဝန်းအိမ်လေးတွေ မိန်းကလေးတွေလို နှုတ်ခမ်းဆိုးဆေးခြယ်သစရာမလိုပဲ ပင်ကိုရဲတွတ်နေတဲ့ နှုတ်ခမ်းပါးလေးတွေ မိန်းကလေးတွေရဲ့ ဂစ်တာShapeလောက်တော့ မမှုနိုင်စရာ သူ့ကိုယ်လုံးသွယ်ဖြောင့်ဖြောင့်လေးတွေ…။
ဒါတင်ဘယ်ကသေးမလဲ ကော့ညွှတ်ရှည်သွယ်နေတဲ့ လက်လှလှလေးတွေနဲ့ သူက ကောင်းခြင်းပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့သူ။
ပြစ်မျိုးမှဲ့မထင် ပြီးပြည့်စုံမှုဆိုတာ လူတိုင်းမှာရှိချင်မှရှိလိမ့်မယ်။
ဒါပေမဲ့ Baekhyunဆိုတဲ့ သူ့မှာတော့ ထိုအရာအားလုံးရှိသည်သာ..
စက်ဘီးလေးအား ဒေါက်ထောက်ကာ သူအိမ်ထဲဝင်ရန်ပြင်လိုက်ပေမယ့် ခြံထဲကထွက်လာတဲ့ ဟိုလူကြီးကြောင့် ကိုယ်ကိုနံရံဘေးကပ်ကာ သူပုန်းနေလိုက်သည်။
နက်မှောင်ပြောင်လက်နေတဲ့ ကားကြီးအိမ်ရှေ့က
ထွက်သွားမှ သူအိမ်ထဲဝင်ခဲ့တော့ ဒေါ်လေးက စက်ချူ ပ်မပျက်။Su:;ဟော သားပြန်လာပြီလား
BH:;ဒေါ်လေး ဟိုလူကြီးက ဘာလာလုပ်တာလဲ
Su:;Yifanကိုပြောတာလား သားကိုဒေါ်လေး အဲ့ကိစ္စပြောမလို့
ဒေါ်လေးYifanနဲ့ လက်ထပ်တော့မယ် သားဒေါ်လေးပါးစပ်က နှုတ်ထွက်စကားက သူ့ခေါင်းကို မိုးကြိုးပစ်ချလိုက်သည့်အလား။
ငယ်ငယ်လေးကတည်းက အမေလိုခင်တွယ်ခဲ့ရတဲ့ဒေါ်လေးက သူ့အတွက် အမေအရင်းနဲ့မခြား။
![](https://img.wattpad.com/cover/135799577-288-k310253.jpg)