#PROPOSE
Tae ကားထဲမှာ အနေကြပ်လာတာနဲ့ အပြင်ထွက်ကာ ကိုယ့် ပြန်ထွက်လာမှာကို စောင့်နေလိုက်တယ်...သိပ်မကြာခင် Tae တို့နဲ့ မျက်နှာချင်းဆိုင်ဘက်မှာ ရပ်လာတဲ့ကားတစ်စီး... ကားရဲ့ မီးလုံးကြောင့် ဘယ်သူရဲ့ကားဆိုတာ မသိခဲ့ပေမယ့် ကားရပ်ကာ ထွက်လာတဲ့ လူ၂ယောက်ကြောင့် Taeကော ထိုသူ၂ယောက်ပါ အံ့ဩကာ ပြောစရာစကားများ ပျောက်ဆုံးခဲ့သည်....
ထိုအချိန်...
JK--Taeဘာလို့အပြင်မှာ ရပ်စောင့်နေတာလဲ
Taeလည်း JK အား လှည့်ကြည့်ကာ...
Tae-- ကိုယ်😳
......................................................
Ep-20
JM--Tae ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ
Tae--Jimin ငါ ငါ
Taeဘာပြောရမှန်းမသိဖြစ်နေစဉ် JK သူမဘေးနားရောက်လာကာ စကားဆက်လိုက်သည်
Jk-- Noonaဆီလာတာ... အိမ်ထဲမှာရှိလောက်မယ်ထင်ပြီး ၀င်ကြည့်တာ မရှိလို့ ပြန်ထွက်လာတာ
Hobi-- JK မင်းနဲ့ တို့ဇာတ်လမ်းက ပြီးသွားခဲ့ပြီလေ ဘာတွေ ပြန်ပတ်သတ်ချင်သေးလို့လဲ ဘေးမှာရှိတဲ့ မင်းမိန်းမကို အားနာပါဦး
Hobi ခနဲ့သောအပြုံးတို့ဖြင့် စကားဆိုသည်
Jimin--JK မင်းတို့ပြောစရာ လုပ်စရာမရှိရင် ပြန်လိုက်တော့ Taeလည်းနေကောင်းတာမဟုတ်ဘူး
Hobi's pov__ ချစ်ရတဲ့မောင်က အခြားတစ်ယောက်ကို စိတ်ပူနေတာလား မအတွက်ကော မောင့်ရဲ့စိတ်ပူမှုဟာ ဘယ်လောက်အတိုင်းအတာမှာ ရှိနေလဲ မ သိချင်မိတယ်
Jiminစကားကို ထောက်ခံတဲ့အနေနဲ့ JKနဲ့ Tae လည်းထွက်လာခဲ့သည်.... ကျန်ခဲ့သည့် သူ၂ယောက်မှာလည်း ပြောစရာ စကားများ မရှိ တိတ်ဆိတ်မှုက ဖုံးလွှမ်း နေသည်.....
Hobi-- Jimin မင်းပြန်လို့ရပြီ တို့အခုချိန်မှာ ၁ယောက်တည်း ရှိချင်တယ်
ပြောစရာစကားများက ထိုမျှလောက်သာထွက်လာသည်...
Hobiဓာတ်လှေကားထဲသို့ဝင်ပြီးအခန်းရှိရာ အလွှာနံပါတ်အား နှိပ်နေစဉ် Jiminပါ ထိုဓာတ်လှေကားထဲသို့ ၀င်လာသည်