A.N~~ ရှေ့အပတ်က +ထားတော့ ဒီep +ရင်ကောင်းမလား....မ+တော့ပါဘူး...ရိုးသွားမယ်ထင်တယ်နော်...အလကားစတာပါ.....20+ပါဆိုမှ +ရမှာပေါ့နော်...ငိငိ..
Recall<<< Jkရော jhope ပါ....ဆန္ဒပြည့်သွားတော့...အိပ်ခန်း လေးက တိတ်ဆိတ် မှုများဆီသို့ တစ်ဖြန်ပြန်ရောက်သွားတာပေါ့......
Propose......
At morning......
Tae..ကျွန်မ မနေ့က ကို့ကိုတစ်ညလုံးစောင့်ခဲ့ရတယ်...
ဒါပေမယ့်သူပြန်မလာခဲ့ဘူး...ကြိုတွက်ထားပြီးသားပါ...
ညစာကို
ကိုနဲ့ တူတူစားချင်မိတယ်..ကျွန်မတို့ လက်ထပ်ပြီးထဲက တစ်ခါမှ ထမင်းတူတူ စားခဲ့ဖူးတဲ့နေ့တွေ တစ်ရက်မှမရှိဘူး...
ကို့ကိုချစ်မိတာ ကျွန်မ အတွက် နောင်တမရှိဘူး..
ကိုနဲ့ကျွန်မက အသက်အရွယ် တူပေမယ့် ကို့ကို လေးစားလို့ ကို ဆိုပြီး ခေါ်ခဲ့တယ်ချစ်တာလည်းပါတာပေါ့နော်ပါ...စိတ်ထဲကနေပြီးတော့ပေါ့..တစ်နေ့အပြင်မှာခေါ်နိုင်အောင် ကြိုးစားမှာပါ
ဒီနေ့လည်း မပြန်လာလောက်ပါဘူး...company ကို တန်းသွားမယ်ထင်တယ်...
ဘာပဲဖြစ်ဖြစ် ကို့အတွက် နေ့လည်စာ ပြင်ပေးခဲ့ရမှာပေါ့...
ommaက ဂျယ်ဂျူ ကပြန်လာရင် သူ့ဆီလာခဲ့ပါဆို့လို့ ဒီနေ့ ommaဆီသွားမယ်..
ပြီးရင် ကျွန်မအချစ်ဆုံးသူငယ်ချင်းလေး ၂ယောက်မရှိတဲ့သူငယ်ချင်းလေး....Jimin ပေါ့...
သူ့ဆီမှာရင်ဖွင့်ရမှာပဲ..
ယောက်ျားလေးဆိုပေမယ့်...သဘောထားပြည့်ဝတယ်..နားလည်မှုပေးနိုင်တယ်...အားပေးတတ်တယ်...
သူ့မှာမိဘတွေမရှိကြတော့ဘူး..တစ်ကောင်ကြွက်ပေါ့..
ဒါပေမယ့် ရင့်ကျက်တယ်..ကျွန်မနဲ့မတူဘူး..မိဘတွေထားခဲ့တဲ့ အမွေတွေကလည်းမနည်းဘူး သူ့အတွက် ဒီတစ်သက်ထိုင်စားရုံပဲ...
ခုလည်းကြည့်ဦး..မနေ့တစ်နေ့ကမှ LAကပြန်ရောက်တဲ့သူကနင့်အတွက် အရေးကြီးတယ်တဲ့ ဖုန်းဆက်ပြီးပြောပြန်ပြီ..၆လလောက်သူနဲ့အဆက်အသွယ်ပြတ်ခဲ့တာ..ကျွန်မ မင်္ဂလာဆောင်တုန်းကလည်း သူမရှိဘူး...emailကနေပဲ တစ်ဆင့်ခံ ပြီးပြောရတာပေါ့..ခုတွေ့တော့မယ်ဆိုတော့လည်း
reason ကအရေးကြီးလို့တဲ့...
jiminအပေါ်မှာတော့ကျွန်မဘက်က သူငယ်ချင်းအပြင် မပိုခဲ့ဘူး..သူဘက်ကတော့ ပထမနှစ်ကျောင်းနောက်ဆုံးရက်မှာ ကျွန်မကို ဖွင့်ပြောခဲ့တယ်...ကျွန်မငြင်းခဲ့တယ်..သူငယ်ချင်း သံယောဇဉ်ကိုမဖြတ်ချင်ပါနဲ့ဆိုပြီးတော့ပေါ့...
ထားပါတော့လေ...ကို့အတွက် မီးဖိုချောင်ထဲ ဝင်ရတော့မယ်မဟုတ်လား...
အချက်အပြုတ် မကျွမ်းပေမယ့် Appa နေမကောင်းတုန်းက omma နဲ့မီးဖိုချောင်တူတူ ဝင်ခဲ့ဖူးတော့ နည်းနည်းပါးပါး ချက်ပြုတ်တတ်ပါတယ်....