ထမင်းစားဆင်းချိန်တွင် Fanyတို့ အတန်းထဲကနေ ထမင်းစားဖို့ ထွက်လာကြသည်။
"Jagiya......"
Taeyeon အော်လိုက်ပြီး Fanyဆီကို ပြေးလာသည်။"What the hell ....နင် ဒီကို ဘာလာလုပ်တာလည်း ...."
Fany မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။"မင်းနဲ့နေ့လည်စာ အတူစားချင်လို့လေ....."
"ငါကတော့ နင်နဲ့မစားချင်ဘူး.....ကိုယ့်ဘာသာကိုယ် သွားစားစမ်းပါ....."
"မင်း ငြင်းမယ်ဆိုတာ ကြိုသိထားလို့ အခုလို လုပ်ပါရစေ....."
Taeyeon ပြောပြီး Fany ကို ပွေ့ချီလိုက်သည်။"Yah....Yah.... ဘာလုပ်တာလည်း အောက်ပြန်ချပေး......"
"ငါ....မင်းတို့ သူငယ်ချင်းကို ခဏခေါ်သွားမယ်နော်.....သိတယ်မလား အရင်ရက်ပိုင်းက သူနဲ့မတွေ့ရတော့ သတိရလို့......နှစ်ယောက်တည်း...."
Sunny တို့ကို ကြည့်ပြီး Taeyeon ပြောလိုက်သည်။"No problem.. ..ခေါ်သွားလို့ ရပါတယ် Taeyeon shii"
"Fany အခုတလော ပိန်လာလို့ ၀အောင် ကျွေးလိုက်ပါနော် Taeyeon shii...."
Sicaတို့မှာ ၀မ်းသာအားရ ပြောနေကြ၏....
"Yah...အစုတ်ပလုတ်မတွေ နင်တို့....Yah Taeyeon ငါ့ကို အောက်ပြန်ချပေးစမ်း.....အရူးကောင်....ချီးထုပ်ကောင်......"
Taeyeon ကတော့ နားမထောင်ဘဲ လေလေးတချွန်ချွန်ဖြင့် Fany ကို ပွေ့ချီကာ ကန်တင်းဘက်ကို သွားသည်။
"Kim Taeyeon.. ...ငါ နင့်ကို သတ်မိတော့မယ်...အောက်ပြန်ချမှာလား....မချဘူးလားပြော..."
Fanyရဲ့ ကျယ်လောင်တဲ့ အသံကြောင့် ကန်တင်းက လူတွေလည်း ထူးဆန်းပြီး ၀ိုင်းကြည့်နေကြတယ်
Fanyကို ထိုင်ခုံပေါ် Taeyeon ချပေးတော့ Fany ထွက်ပြေးဖို့ ပြင်လိုက်သည်။
"ထွက်ပြေးရဲထွက်ပြေးကြည့်.....ကိုယ် မင်းကို အပြစ်ပေးမှာနော် ....."
Taeyeon ရဲ့ စကားကြောင့် Fanyပြန်ထိုင်လိုက်ပြီး Taeyeonကို စိတ်ထဲကနေ ကျိန်ဆဲနေ၏

BẠN ĐANG ĐỌC
လူဆိုးမလေး ကိုယ့်ချစ်သူ
Fanfictionလူဆိုးမလေး Tiffanyနဲ့......စံပြကျောင်းသားလေး Taeyeon.... #Taeny_Myanmar #Normal